Skip to main content

တွဲလက်ခိုင်မာ ပြည်သာယာ

ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတို့တွင် လူမျိုးတစ်မျိုး သို့မဟုတ် ထိုထက်ပို၍ လူမျိုးများစု ပေါင်းနေထိုင်ကြလေ့ရှိပါသည်။ လူမျိုးများစုစည်း ဖြစ်ပေါ်လာပုံလေ့လာကြည့်လျှင် တူရာလူမျိုး မိသားစု(Family စုပေါင်းလိုက်သောအခါ ဆွေမျိုး (Clan)များဖြစ်လာသည်။ တူရာဆွေမျိုးစုများ စုပေါင်းနေထိုင်ရာတွင် လူမျိုးနွယ်စု (Tribe) ဟူ၍ဖြစ်ထွန်းလာသည်။ လူမျိုးနွယ်စုများ ကျယ်ပြန့်စွာ စုပေါင်းနေထိုင်ကြသော ဓလေ့၊ ယဉ်ကျေးမှု၊ ဘာသာစကား တူညီမှုအပေါ်အခြေခံပြီး လူမျိုးစု (Nationalty)များဖြစ်လာသည်။ ယင်းသို့သော လူမျိုးစုများ၊ လူမျိုးနွယ်စုများ၊ လူမျိုးမိသားစုများ စိတ်တူကိုယ်တူ အေးအတူပူအမျှ စုပေါင်းနေထိုင်လာသောအခါ လူမျိုး (Nation)ဟူ၍ ဖြစ်လာသည်။

ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များမှ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ပေးထားချက်များအပေါ် ခံယူယုံကြည်မှု

ငြိမ်းချမ်းမှုမရှိလျှင် တိုင်းပြည်မတိုးတက်။ တိုင်းပြည်မတိုးတက်လျှင် ငြိမ်းချမ်းရေးမရနိုင်။ ငြိမ်းချမ်းရေးနှင့် နိုင်ငံတိုးတက်မှု၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှု အပြန်အလှန် ဆက်စပ်နေသည်။ ထာဝရငြိမ်းချမ်းရေးနှင့်အတူ စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးသည် ပဓာနကျသည်ဟု ရှုမြင်သည့်အတွက်လည်း ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ထာဝရငြိမ်းချမ်းရေးနှင့် ပတ်သက်၍အလေးထားလုပ်ဆောင်မည့်လမ်းစဉ် တစ်ခုကို မဖြစ်မနေ ထည့်သွင်းထားသည်ကို မှတ်သားမိပါသည်။ ဦးတည်ချက်(၉)ရပ်အနက် နိုင်ငံရေးဦးတည်ချက်၊ လူမှုရေးဦးတည်ချက် များတွင် ပြည်ထောင်စုငြိမ်းချမ်းရေးသည် အဓိက အချက်များအဖြစ် ပါဝင်နေသည်ကို လေ့လာနိုင်ပါ သည်။

စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြပါစို့

“တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လိုအင်ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်ရေး ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိပါသည်။ နိုင်ငံတော်ကို စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ခိုင်မာအားကောင်း လာစေရေးအတွက် အဓိကလိုအပ်ချက်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးပင် ဖြစ်ပါသည်"

ငြိမ်းချမ်းသာယာအေးချမ်းဖို့ ပြည်ထောင်စုစိတ်ဓာတ်မွေးကြစို့

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် များစွာအရေးပါသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ တိုင်းရင်းသားညီအစ်ကိုများ အကြား၊ တောင်တန်းနှင့် ပြည်မအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် နယ်ချဲ့တို့ကို တိုင်းပြည်အတွင်းမှ မောင်းထုတ် နိုင်ခဲ့သည်။ နယ်ချဲ့တို့သည် တိုင်းပြည်အတွင်းမှ ထွက်ခွာသွားရသော်လည်း တိုင်းရင်းသား ညီအစ်ကိုများအကြားတွင် သပ်လျှိုသွေးခွဲသည့် မျိုးစေ့ကို ချထားခဲ့သည်။ လက်ရှိအချိန်အထိ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်စွမ်း မရှိသေးပေ။ များစွာကြိုးပမ်းရဦးမည်ဖြစ်သည်။

ဒီမိုကရေစီနှင့် ရွေးကောက်ပွဲများ

ဒီမိုကရေစီစနစ်ကို ပြည်သူ့အုပ်ချုပ်ရေးစနစ်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဒီမိုကရေစီစနစ်တွင် အစိုးရကို ပြည်သူက ရွေးကောက်တင် မြှောက်ကြရသည်။ တစ်နည်းအားဖြင့် ပြည်သူ့ကိုယ်စား တိုင်းရေးပြည်မှုများကို စီမံခန့်ခွဲမည့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူများက ဆန္ဒမဲပေးရွေးချယ်ကြရ၏။ ထို့ကြောင့် ဒီမိုကရေစီစနစ်သို့ သွားမည်ဆိုလျှင် ရွေးကောက်ပွဲ လမ်းကြောင်းကို မလွဲမသွေဖြတ်သန်း ကြရမည်ဖြစ်သည်။
Subscribe to