Skip to main content

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ တစ်နှစ်တာ (အပိုင်း-၂)

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက် (၂၀၁၈-၂၀၂၁) လုပ်ငန်းဧရိယာ (၁) ပါ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ထိရောက် ခိုင်မာသည့် အခြေခံကောင်းများ တည်ဆောက်ခြင်းနှင့် ၂၀၂၁ ခုနှစ် လုပ်ငန်းအစီအစဉ် (၃) ပါ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး နှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်နိုင်ရေးတို့အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့များကို ၂၀၁၉ ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့ရာ ၂၀၂၀ ပြည့်နှစ်အထိ ပြည်ထောင်စု ဝန်ကြီးဌာန/အဖွဲ့ အစည်း ၂၂ ခုတို့တွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်းတွင်လည်း CPU အဖွဲ့များ ဆက်လက်ဖွဲ့ စည်းသွားနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဒီဇင် ဘာလအထိပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း ၃၇ ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

စက်သုံးဆီဈေးနှုန်းများ မြင့်မားလာမှုကြောင့် အဝေးပြေး ယာဉ်လိုင်းအချို့ ရက်ခြားပြေးဆွဲနေရ

စက်သုံးဆီဈေးနှုန်းများ မြင့်မားလာမှုကြောင့် အဝေးပြေး ယာဉ်လိုင်းအချို့ ရက်ခြားပြေးဆွဲနေရ
Subscribe to