၁၉၆၀ ပြည့်နှစ်များဆိုတော့ မြန်မာနိုင်ငံမှာ အိမ်စောင့်အစိုးရလက်ထက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ရွေးကောက်ပွဲပါတီများ ပြိုင်ပွဲဝင်ကြရာမှာ မိမိပါတီအနိုင်ရရေး ဘာသာရေး အခြေပြု အားပြိုင်ကြတာတွေ၊ တိုင်းပြည်အရေး ထက်ပါတီနိုင်ငံရေး ရှေ့တန်းတင်ခဲ့လေရော့သလား၊ နိုင်ငံရေးလှုပ်ရှားမှုယှဉ်ပြိုင်မှုမှာ အပုပ်ချ ငယ်ကျိုး ငယ်နာဖော်၊ ထဘီအနီ၊ အစိမ်း၊ အဝါတွေဝတ် ယှဉ်ပြိုင်တဲ့ကာလဖြစ်ကြောင်း ယနေ့အချိန်အခါမှာ ပြန်ပြောင်းမြင်မိပါတယ်။ တစ်ရွာမှာ ရေဒီယို တစ်လုံးသာရှိတဲ့ကျေးရွာပေါင်းက ထောင်သောင်း၊ ခုနစ်ဆယ် ရာခိုင်နှုန်းရှိတဲ့ မြန်မာလူထုဟာ ခွဲခြား စိတ်ဖြာနိုင်ရန် မလွယ်ကူသော ကာလဖြစ်ခဲ့တယ် ဆိုတာ အခုပြန်လည်စဉ်းစားနိုင်ပါတယ်။