ခရစ်နှစ်အားဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂သို့ ကူးပြောင်းခြင်းပေတည်း။ မြန်မာသက္ကရာဇ်အားဖြင့် ၁၃၈၃ ခုနှစ်နတ်တော်လ။ ရာသီဥတုအားဖြင့် ဟေမန္တ ဆောင်းရာသီဖြစ်သည်။ နံနက်ခင်းတွင် မြူနှင်းမှုန်များကြား အေးစိမ့်စိမ့်ဖြင့် ကိုယ်စိတ်နှလုံး အေးချမ်းလှပါ၏။ အေးမြမြနံနက်ခင်းတွင် ကြည်လင်သောစိတ်တို့သည် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းလာပြန်၏။ သဘာဝလောကဓာတ်ကြီးပင် ဆောင်းဥတုနှင့်အတူ အေးချမ်းမှု၊ ငြိမ်းချမ်းမှုတို့ကို ဖော်ကျူးနေပေသည်။ မိမိတို့လူသားများ အနေဖြင့်ရော နှစ်သစ်ဆောင်းဥတုနှင့်အတူအေးချမ်းမှု၊ ငြိမ်းချမ်းမှု ရှိစေချင်လှသည်။