Skip to main content

ဇာတိမာန်နှင့်လွတ်လပ်ရေး

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ လွတ်လပ်ရေးနေ့ကို အမှတ်ရကြ၊ မမေ့ကြသည့်နည်းတူ မြန်မာတို့၏ ဇာတိသွေးဇာတိမာန် ကိုလည်း မမေ့ကြပါချေ။ မြန်မာ့လွတ်လပ်ရေးဆုံးရှုံး၍ တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်ရောက်နေချိန်ဝယ် မြန်မာတို့၏ မျိုးရိုးဇာတိမာန်ကို အုပ်စိုးသူတို့က နည်းအမျိုးမျိုးဖြင့် ချိုးနှိမ်ခဲ့ကြသည်။ တစ်မျိုး သားလုံး သူ့ကျွန်ဖြစ်၍ နင်းပြားဘဝသို့ရောက်နေသော ထိုအချိန်ဝယ် လွတ်လပ်ရေးအတွက် မြန်မာတို့၏ဇာတိမာန်သည် ရှင်သန်မြဲဖြစ်သည်။

ထာဝရငြိမ်းချမ်းပါစေ ဇွဲကပင်မြေ

သာစွဌာနေ ဇွဲကပင်မြေသို့ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလက လုပ်ငန်းတာဝန်ဖြင့် ကျွန်တော် အကြိမ်ကြိမ်ရောက်ခဲ့သည်။ တိတိကျကျဆိုလျှင် ၁၉၉၃ ခုနှစ် ဇန်နဝါရီလထဲတွင် KNU မှ ဗိုလ်ချုပ်မြနှင့် ဦးထိန်မောင်တို့က ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ထိုင်းတပ်မတော်မှတစ်ဆင့် ကမ်းလှမ်း ခဲ့ရာမှအစပြု၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရနှင့် KNU တို့အကြား ၁၉၉၄-၉၅၊ ၂၀၀၃-၂၀၀၄ ခုနှစ်တို့တွင် ငြိမ်းချမ်းရေး အတွက် ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇွဲကပင်မြေတစ်ဝန်း သေနတ်သံ၊ အမြောက်သံများ တိတ်ဆိတ် ငြိမ်သက်သွားပြီး ဖားစည်သံတညံညံ ထွက်ပေါ်လာသည့် ၂၀၀၄ ခုနှစ်နောက်ပိုင်း အချိန်ကာလ များဖြစ်သည်။

အနည်းဆုံးအခကြေးငွေနှုန်းထားနှင့် မြန်မာ့အဝတ်အထည်လုပ်ငန်း အခြေအနေမှန်

လွန်ခဲ့သည့်ရက်ပိုင်းက အလုပ်သမားအဖွဲ့အစည်းတစ်ခုက မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အခြေ အနေသည် တစ်နေ့တခြား ပိုဆိုးလာကြောင်း၊ ယခုအခါ အလုပ်သမားများကို တစ်ရက်လျှင် ကျပ် ၃၆၀၀ သာရမည်ဟု အချို့သောစက်ရုံများတွင် ကြေညာမှုများရှိလာကြောင်း၊ တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီ ဆိုသည်မှာ အာမခံချက်မရှိကြောင်း၊ စက်ရုံအများအပြားတွင် အဓမ္မလုပ် အားပေးခိုင်းစေမှုများ များပြားလာကြောင်း၊ နိုင်ငံတကာအမှတ်တံဆိပ် အများအပြား သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို အခွင့်ကောင်းယူခြင်းဖြင့် မြန်မာအလုပ်သမားများကို အမြတ်ထုတ်သည့်လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း စသည်ဖြင့် ထုတ်ပြန် ထားသည်ကို တွေ့လိုက်ရသည်။

လွတ်လပ်ရေးနှင့်အတူ ကြီးပြင်းကြရာဝယ်

အခြေအနေ(၁) လွတ်လပ်ရေးရပြီးလို့ ခြောက်နှစ်အကြာ ၁၉၅၄ ခုနှစ်မှာ ဖွံ့ဖြိုးမှု အလားအလာ အကောင်းဆုံး နိုင်ငံဟာ မြန်မာနိုင်ငံလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ ပါတယ်။ မြန်မာဟာ လွတ်လပ်စနိုင်ငံ၊ သယံဇာတ ကြွယ်ဝမှု၊ မြန်မာတို့ရဲ့ ကြိုးစားရိုးသားမှုကို အခြေခံ ပြီး မှတ်ချက်ချတာ ဖြစ်ပါတယ်။ တောင်-မြောက် ကိုရီးယားနိုင်ငံတို့ဟာ အချင်းချင်းစစ်ဖြစ်နေတဲ့ ကာလမို့ မြန်မာကဆန်တင်ပို့နိုင်တဲ့ သဘောကြောင့် ချမ်းသာဖို့အလားအလာရှိတယ်လို့ ခန့်မှန်းတာလည်း ဖြစ်နိုင်ပါတယ်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးနုက ဦးသန့်အား မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း ကျမ်းတစ်စောင် ရေးသားရန် အကြံဉာဏ်ပေးတာကြောင့် ဦးသန့်ဟာ ၁၉၅၄ အလယ်ခန့်တွင် “ပြည်တော်သာခရီး” ဟူသော ကျမ်းပထမတွဲကို အပြီးအစီးရေးသားခဲ့ပါတယ်။

ကြို့ပင်ကောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်မှ online စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ဆောင်ရွက်

ကြို့ပင်ကောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်မှ online စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ဆောင်ရွက် ကြို့ပင်ကောက် ဒီဇင်ဘာ ၂၈ ဇေယျာထွန်း

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု Talk Show ဆောင်ရွက်

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု Talk Show ဆောင်ရွက် တွံတေး ဒီဇင်ဘာ ၂၈ တွံတေးသား

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ် ဒဂုံမြို့သစ်(မြောက်ပိုင်း) ဒီဇင်ဘာ ၂၈ ပပ(ပြန်/ဆက်)

တိုင်းပြည်တည်ဆောက်ရေးနှင့် လွတ်လပ်ရေး၏ အနှစ်သာရ

လွတ်လပ်ရေးရပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ နိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေအနေတွေမှာ တက်လိုက်ကျလိုက် နိမ့်လိုက်မြင့်လိုက် အခြေအနေတွေကို များစွာ ကြုံတွေ့ခဲ့ရပြီးတော့ တည်ငြိမ်အေးချမ်းစွာ ပုံမှန်ဖွံ့ဖြိုးတိုးတက်နေတဲ့၊ အေးချမ်းသာယာ ပြီးတော့ စားဝတ်နေမှု ဖူလုံပြည့်စုံနေတဲ့၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းတွေကို နိုင်ငံသားတွေအားလုံး စိတ်အေးချမ်းသာ ခံစားစံစားနေနိုင်တဲ့နိုင်ငံအဖြစ် အာမခံချက်ရှိရှိ ရပ်တည် နိုင်ရေးဟာ နိုင်ငံသားတွေအားလုံးရဲ့ တောင့်တချက်၊ လိုလားချက်ဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုတဲ့ကိစ္စဖြစ်ပါတယ်။
Subscribe to