ပစ္စပ္ပန်၊ သံသရာပြေးမလွတ်သည့် အလွန်ကြီးမားသည့်အပြစ်
မြန်မာနိုင်ငံတွင် ဘုရားရတနတရားရတနသံဃာရတနာ ရတနာသုံးပါးကို ရှေးကာလမှ အစဉ်အဆက် ယုံကြည်ကိုးကွယ် ဆည်းကပ်ကြသည်။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်သူသည် “သရဏဂုံ” တည်ပြီး ဒုက္ခဆင်းရဲအပါယ်ဘေးမှ လွတ်မြောက် ချမ်းသာသုခ အပေါင်းတို့နှင့် ပြည့်စုံစေ၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ပြစ်မှားစော်ကားသူသည် ပစ္စုပ္ပန်၊ သံသရာ၌ ဒုက္ခ ဆင်းရဲအပါယ်ဘေးတို့ကို ကြုံတွေ့ရပြီး သံသရာရှည်စွာ ဆင်းရဲဒုက္ခ ခံစားကြမည် မလွဲဧကန်ဖြစ်ပါ၏။
