Skip to main content

ဝစီဒုစရိုက်ကျူးလွန်သူများ

မကောင်းသောအကျင့်ကို “ဒုစရိုက်”ဟု ဗုဒ္ဓဘာသာဝင်တို့ သိထားကြ၏။ ပါဠိဘာသာစကား “ဒုစ္စရိတ”ကို မြန်မာမှုပြုထားခြင်း ဖြစ်သည်။ အကုသိုလ်ဟုလည်းခေါ်၏။ ပထမဆုံး အဆုံးအမ ဖြစ်သည့် မကောင်းမှုရှောင်ရန်အတွက် မကောင်းမှုဆိုသည်ကို သိထားရမည်။ မကောင်းသော အမှု ဆယ်မျိုးရှိ၏။ ဒုစရိုက်ဆယ်ပါးဟု ခေါ်၏။

အစာစားလျှင် ဉာဏ်နှင့်ယှဉ်၊ သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ

မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်း ယခုထက် ပိုမိုမြင့်မားလာစေရေးနှင့် လူတိုင်း ရောဂါဘယ ကင်းရှင်း၍ ကျန်းမာသန်စွမ်းစွာဖြင့် သက်တမ်းစေ့ နေနိုင်ရေးအတွက် နိုင်ငံသားတိုင်း အာဟာရပြည့်ဝ မျှတညီညွတ်စွာ စားသောက်နေထိုင်သည့် အလေ့အထများ ပေါ်ပေါက်လာစေရေးသည် အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ညီညွတ်မျှတသည့် အာဟာရပြည့်ဝစွာ မရရှိခြင်းကြောင့် ဖြစ်ပွားသည့် ရောဂါအမျိုးမျိုးသည် လူတစ်ဦးတစ်ယောက်အနေဖြင့် မိခင်၏ ဝမ်းတွင်းတွင်ရှိချိန်၊ မွေးကင်းစကလေး အရွယ်မှစ၍ အရွယ်ရောက်သည့်အချိန်၊ အသက်အရွယ်ကြီးရင့်လာချိန်အထိ အမျိုးမျိုး တွေ့ကြုံခံစားရစေနိုင်ပါသည်။ အသက်ငယ်ရွယ်စဉ် ကာလတွင် အာဟာရဓာတ်ချို့တဲ့ မှုများကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ပြီး အသက်အရွယ် ကြီးရင့်ချိန်တွင် မလိုအပ် သော အာဟာရဓာတ်များ လွန်ကဲစွာစားသုံးခြင်းမှတစ်ဆင့် နောက်ဆက်တွဲ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါစသည့် မကူးစက်တတ်သည့်ရောဂါများဖြစ်ပွား၍ လူ့သက်တမ်းစေ့ မနေရဘဲစောစီးစွာ သေဆုံးနိုင်သည့် အန္တရာယ်ကို ဖြစ်စေနိုင်ပါသည်။

အဂတိပယ်ခွာ ပြည်သာယာဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၇-၈-၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၅-၂-၂၀၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့သည်။ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည် မှာသက်တမ်းကာလ ခုနစ်နှစ်ကျော်ပင် ရှိခဲ့ပြီဖြစ်သည်။ ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခု အထိ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ရေနံချောင်းမြို့နယ်တွင် အမျိုးသားအောင်ပွဲ့နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ကျင်းပ

ရေနံချောင်းမြို့နယ်တွင် အမျိုးသားအောင်ပွဲ့နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ကျင်းပ

ရေနံချောင်း နိုဝင်ဘာ ၁၈

ငြိမ်းငြိမ်းအိ

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်(အကြို) အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်(အကြို) အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Subscribe to