အမျိုးသားနေ့မှသည် အနာဂတ်ဆီသို့
မြန်မာအမျိုးသားပညာရေးလှုပ်ရှားမှုတစ်ရပ်၁၉၂၀ ပြည့်နှစ်ထဲမှာ ကြီးကြီးမားမား ပေါ်ပေါက်ခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် ရှေ့ပြေးဖြစ်ခဲ့ပါတယ်။ ဒီလှုပ်ရှားဆောင်ရွက် ချက်ဟာ အမျိုးသားရေးကိစ္စကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွား (National Interest) ကောင်းကျိုးအတွက်ပဲ ဖြစ်ခဲ့ပါတယ်။ အထွေထွေနောက် မကျရေး၊ ဗလငါးတန်ဖွံ့ ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည် မြင့်မားရေး၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ စည်းလုံးညီညွတ်ရေးတို့ဟာ တကယ့်ကို ဦးတည်ရမယ့် အမျိုးသားရေးကိစ္စ၊ အမျိုးသားအကျိုးစီးပွားပဲဖြစ်ပါတယ်။
