Skip to main content

ယနေ့လူငယ် နောင်ဝယ်လူကြီး

ယနေ့လူငယ် နောင်ဝယ်လူကြီးဟု ပြောစမှတ်ပြုကြသည်။ အသက်ကြီးလာခြင်း၊ ခန္ဓာကိုယ် ကြီးထွားလာခြင်းကြောင့်သာ လူကြီးဟုဆိုသော်လည်း အသိတရား၊ ဆင်ခြင်တုံတရားနှင့် ဉာဏ် ပညာတို့မှာ ကလေးအဆင့်မှတိုးတက်မှုမရှိခဲ့လျှင် ဤကဲ့သို့သောလူကြီးမျိုးကို အရပ်ထဲတွင် ခေါ်ဝေါ် ကြသကဲ့သို့ကြီးပေါကြီးဟုပင် ခေါ်ရမည် ထင်သည်။ လူငယ်ဘဝတွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ကောင်းစွာကြိုးစားလုပ်ကိုင်ဆောင်ရွက်ခဲ့မှသာ အသက်ကြီးလာသည့်အခါ နောင်တမရဘဲ မိမိပြုလုပ်ခဲ့သည့် နောက်ကြောင်းများကို ပြန်တွေး သည့်အခါတိုင်း ကြည်နူးပီတိခံစားရမည်ဖြစ်သည်။ နောင်တဟူသောအဓိပ္ပာယ်ကို မြန်မာအဘိဓာန် တွင် “နောင်တခင်ချုံ့/န-ပြုသင့်သည်ကို မပြုမိ ၍ဖြစ်စေ၊ မပြုသင့်သည်ကို ပြုမိ၍ဖြစ်စေ ပူပန်ခြင်း” ဟု ဖွင့်ဆိုထားသည်။ ထို့ကြောင့် အချိန်ကို အကျိုးရှိရှိဖြင့် လုပ်ဆောင်သင့်လုပ်ဆောင်အပ် သည့်အရာများကို ပြုလုပ်နေခြင်းဖြင့် မပြုသင့်၊ မပြုလုပ်အပ်သည့်အရာတို့မှလည်း ရှောင်ကြဉ်ပြီး ဖြစ်ကာ နောင်တတရားတို့မှ အလိုအလျောက် ရှောင်ကြဉ်ပြီးဖြစ်သွားမည်။

ဆရာကြီးမောင်ပေါ်ထွန်း - လင်းလက်တောက်ပဆဲ စာပေကြယ်ကြီးတစ်ပွင့်

၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေ ဆုနှင်းသဘင်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် (၁၃၇၇ ခုနှစ် စာဆိုတော်နေ့) တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့ရာ အမျိုးသားစာပေ တစ်သက်တာဆုအတွက် စာရေးဆရာကြီး သုံးဦး၊ အမျိုးသားစာပေဆုအတွက် စာရေးဆရာ၊ ဆရာမကြီး၁၅ ဦးနှင့် စာပေဗိမာန်စာမူဆုအတွက် စာရေးဆရာ၊ဆရာမကြီး ၂၆ ဦးတို့ကို ချီးမြှင့်ခဲ့ပါသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ

လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ

ကျောက်ဆည်မြို့၌ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျောက်ဆည်မြို့၌ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Subscribe to