မြန်မာပြည်အရပ်ရပ်မှ သဘာဝအလှတရား များရှိရာဒေသများ၊ ထူးခြားဆန်းကြယ်သော နေရာများ၊ သဘာဝကျောက်ရေအိုင်များ၊ ရေကန်များ၊ တောတွင်းစွန့်စားခရီးစဉ် သွားရောက်လိုသူများ၊ သစ်ခွမျိုးစိတ် စိတ်ဝင်စားသူများ၊လိပ်ပြာမျိုးစုံ စိတ်ဝင်စားသူများအား လာရောက်လေ့လာလည်ပတ်နိုင်စေရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန (ပုဂံဌာနခွဲ) ရုံးမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေလာ ရောက်လည်ပတ်သည့်အခါ ခရီးစဉ်ဒေသငါးခုအပြင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး ခရီးစဉ်အားတောတွင်း စွန့်စားခရီးစဉ်ဒေသအဖြစ် ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းစဉ်တစ်ခုအဖြစ် ဖော်ဆောင်ထားရှိကြောင်းညောင်ဦးမြို့နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပုဂံရုံးခွဲမှသိရသည်။