ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ဦးဆောင် အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization-UNWTO) သည် အဖွဲ့ဝင် ၁၅၆ နိုင်ငံနှင့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ ပါဝင်မှုဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံသည်လည်း ၁-၆-၂၀၁၂ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကာ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အဖြစ် သတ်မှတ်ထားသည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံများ နည်းတူ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ပါ သည်။
