ထို့ပြင် ရေလှောင်တမံများ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် အောက်ဘက်ရှိ မြို့ပြကျေးရွာများ အန္တရာယ်ကင်းစေရန်အတွက် (Dam Safety) လုပ်ငန်းစဉ်များကို စနစ်တကျရေးဆွဲဆောင် ရွက်လျက်ရှိ သည့်အပြင် ကြံ့ခိုင်မှုစစ်ဆေးခြင်းကိုလည်း နေ့စဉ်၊ အပတ်စဉ် ပုံမှန်စစ်ဆေးမှုများဖြင့် ပြုလုပ်လျက်ရှိ သည်။ နှစ်စဉ်မိုးရာသီ မတိုင်မီ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့လေးဖွဲ့ဖြင့် အရေးကြီးသော ရေလှောင်တမံ များကို ဦးစားပေးအလိုက် ကွင်းဆင်းစစ်ဆေးကာ အားနည်းချက်ရှိသည့်နေရာများ ရှာဖွေဖော်ထုတ်ပြီး ကြံ့ခိုင်မှုရှိစေရန် အချိန်မီပြုပြင်လျက်ရှိသည်။