Skip to main content

သရက်မြို့၌ အသက်(၁၂)နှစ်နှင့် (၁၈) နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

သရက်မြို့၌ အသက်(၁၂)နှစ်နှင့် (၁၈) နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူတစ်ဦး၏ ရင်တွင်းစကားသံများ

ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူတစ်ဦး၏ ရင်တွင်းစကားသံများ

ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး (သို့မဟုတ်) စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)

အချိန်ကား တပေါင်းလအကုန်တန်ခူးလသို့အကူး နွေဥတု၏အမှတ်သင်္ကေတဖြစ်သည့် လေရူးတို့ တသုန်သုန်တိုက်ခတ်ချိန်ဖြစ်၏။ တောင်သူဦးကြီးတို့ မိုးဦး ကိုမျှော်ကာ စိုက်ပျိုးရန်အတွက် အသင့်ဖြစ်စေရန် ထွန်ရေးခွင်ကို ပြင်ဆင်ထားချိန်လည်း ဖြစ်ပြန်၏။ ယင်းအချိန်သည် တက္ကသိုလ် ဝင်တန်းစာမေးပွဲကိုကျင်းပပြီးစအချိန်ဖြစ်သည်။ တစ်နှစ်ပတ်လုံး ကြိုးစားလာခဲ့သမျှ ထိုအချိန်ကျမှ သာလျှင် ကျောင်းသားတစ်ယောက်၏ တာဝန်ဝတ္တရားကို ခေတ္တခဏမျှ ပစ်ချထား နိုင်ကြ၏။ ယင်းကျောင်းသားများတွင် ကျွန်တော်လည်းအပါအဝင်ဖြစ်၏။ အချိန်ကား၂၀၀၇ ခုနှစ်ကဖြစ် သည်။ မြို့ကြီးပြကြီးများမှ ကျောင်းသားများအတွက် စာမေးပွဲပြီးလျှင် တခြားဘာသာစကား တစ်ခုခုကိုဖြစ်စေ၊ ကွန်ပျူတာသင်တန်းဖြစ်စေ တက်ရောက် သင်ယူနိုင်၏။ ကျွန်တော်အပါအဝင် နယ်မှကျောင်းသား များအတွက်ကား မိဘကို ကူညီလုပ်ပေးရုံမှတစ်ပါး အခြားမရှိပြီ။ ထို့ကြောင့် လုပ်စရာ မည်မည်ရရမရှိဖြစ်သောကြောင့် အချိန်များ လိုသည်ထက် ပိုနေသည့် ကာလ လည်းဖြစ်၏။
Subscribe to