သင်မမြင်နိုင်သည့် ပန်းတိုင်
လူအတော်များများအနေဖြင့် ဟိုးလ်ဝပ်ဟေးလ်၏ နာမည်ကို သိပြီးသားဖြစ်ပါလိမ့်မည်။ သူသည် မြားပစ်အတော်ဆုံးသော ပုဂ္ဂိုလ်များထဲတွင် တစ်ယောက်အပါအဝင် ဖြစ်ပါသည်။ အလွန် လက်ဖြောင့်အောင် ပစ်ခွင်းနိုင်သဖြင့် ဆင်တစ်ကောင်၊ ဘင်္ဂါလီကျားတစ်ကောင်၊ ကျွဲတစ်ကောင်စသည်တို့ကိုပင် မြားဖြင့် တိတိကျကျထိမှန်အောင် ပစ်ခဲ့သည်။ သတင်းများထဲ၌ ဟိုးလ်ဝပ်ဟေးလ်က ပစ်မှတ်ကို အလယ် တည့်တည့်စိုက်သွားအောင် ပစ်ခွင်းနိုင်ကြောင်းကို ဖတ်ခဲ့ရသည်။ ပထမမြားတစ်ချောင်းကို ပစ်ပြီးသည့်နောက်တွင် နောက်ထပ်မြား တစ်စင်းဖြင့် ပထမများကို အလယ်တည့်တည့်က ခွဲပစ်လိုက်နိုင်သူ ဖြစ်သည်။