၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက် ည ၈ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ (၃၀-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၉-၂၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၃,၃၉၉) ဦး တွေ့ရှိရ၍ ရောဂါပိုးတွေ့ရှိမှ ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၆၅ ရာခိုင်နှုန်း တွေ့ရှိခဲ့ရကြောင်း သိရှိရ ပါသည်။ ထို့အတူ (၂၉-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀၈-၂၀၂၁) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်းတွင်လည်း ဓာတ်ခွဲနမူနာ စုစုပေါင်း(၄၂,၄၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၅၈၃)ဦး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၈ ဒသမ ၄၃ တွေ့ရှိရပါသည်။