Skip to main content

အသင်းသားများအကျိုးအလေးထား၍ အဓွန့်ရှည်သော သမဝါယမပုံစံ တည်ဆောက်ကြပါစို့

အခက်အခဲအကျပ်အတည်းကြားက ရုန်းထနေသည့် မြန်မာ့သမဝါယမအကြောင်း စေ့ငုလိုချင် စိတ်က ရင်ထဲတွင် တစိမ့်စိမ့်ခံစားနေမိပါသည်။ ၁၉၀၅ ခုနှစ် ကတည်းက သန္ဓေတည်ရှင်သန် ရပ်တည်ခဲ့သည့် မြန်မာ့သမဝါယမသည် လောကဓံတရားကို ကြံ့ကြံ့ခံရင်း နှစ်ပေါင်း ၁၁၇ နှစ်တိုင် နိုးကြားတက်ကြွနေခဲ့ပြီး အသွင်သဏ္ဌာန်နှင့် အနှစ်သာရကတော့ ရွှင်လန်းစွာ ပြုံးပျော်နေသည်ဟု မှတ်ယူရပေမည်။ ဝေဖန်သံတွေကြားက တစ်ကျော့ပြန် ဦးမော့လာသည်ဟု ဆိုရမည့် ၁၇-၆-၂၀၂၁ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တစ်ချိန် က လုပ်ဆောင်ခဲ့သည့် သမဝါယမပုံစံမျိုးနှင့်ဆောင်ရွက်မည် မဟုတ်တော့ဘဲ အမှန်အလုပ်လုပ်ပြီး စုပေါင်းဆောင်ရွက်လိုစိတ်ရှိသူ၊ သမဝါယမအခြေခံမူ၊ ကျင့်ဝတ်နှင့် အနှစ်သာရတို့ကို လေးစား လိုက်နာ လိုသူများဖြင့် စည်းရုံးဖွဲ့စည်း လုပ်ဆောင်မည်ဟု မူဝါဒချမှတ်ထားသည့်အတွက် မြန်မာ့မြေဝယ် သမဝါယမ၏ အဓွန့်ရှည်မှုက ကြာရှည်စွာ တည်ရှိနေတော့မည်ဟု ဆိုရမည်ဖြစ် ပေသည်။
Subscribe to