Skip to main content

အကြမ်းဖက်သမားအတွက် နေရာမရှိစေရေး ပူးပေါင်းဖော်ထုတ်သတင်းပေး

D-Day လုပ်ပြီး အစိုးရကို ဖြုတ်ချမယ်၊ PDF တွေက တစ်နိုင်ငံလုံးအနှံ့ တော်လှန်မယ် စတဲ့ သတင်းတွေက ဖေ့စ်ဘွတ်ပေါ်မှာတော့ ပလူပျံနေကြဆဲ။ ဖေ့စ်ဘွတ်လို Virtual World ပေါ်က ပြည်ဖျက်ဆွယ်လုံးတွေကို ယုံကြည်သူတွေရှိနေတာကို ခံယူချက်အမျိုးမျိုးမို့ မှတ်ချက်မပြုလိုပါ။ ဒါပေမယ့် နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ လက်နက်သယ်ယူပို့ဆောင်သူတွေ၊ မြို့နယ်အလိုက် အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်နေတဲ့ PDF အဖွဲ့ဝင်တွေ၊ မိုင်းထောင်ဖောက်ခွဲသူတွေ၊ စေခိုင်းသူတွေ၊ ပူးပေါင်းပါဝင်သူတွေ၊ အားပေးသူတွေ၊ မဟုတ်မမှန် သတင်းရေးသားဖြန့်ဝေနေသူတွေ၊ လက်နက်မဲ့ပြည်သူတွေကို ဒလန်လို့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီး သတ်ဖြတ်သူတွေ ... တဖြုတ်ဖြုတ်နဲ့ ဖမ်းဆီးရမိနေတဲ့သတင်းတွေကို နေ့စဉ်ဖတ်ရတော့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရဲ့ စွမ်းစွမ်းတမံ ဖော်ထုတ်ဆောင်ရွက်နေမှုတွေကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ အလွန့်အလွန်ကို လေးစားဂုဏ်ယူပါကြောင်း ပြောလိုပါတယ်။

မြို့ရွာတွေကို သိမ်းတော့မည်ဟု ဆိုသောအခါ….

“ဘယ်နေ့မှာတော့ D-Day (ယ-ရက်) စတော့မည်။ ဘယ်နေ့မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့်ပူးပေါင်းပြီး မြို့ရွာတွေကို သိမ်းတော့မည်” ဟူသော ပြည်ပြေး အကြမ်းဖက်သမားတို့၏ လေလှိုင်းပေါ်က အောက်ကလိအာအသံများ ထွက်ပေါ်လာလေတိုင်း ရိုးသားသောသူများသည် ကြောက်ကြသည်၊ လန့်ကြသည်။

စေတနာ၊ မေတ္တာ၊ ကရုဏာများအတွက် မုဒိတာဖြစ်ရပါသည်

မြန်မာနိုင်ငံတွင် ကိုဗစ်ပထမလှိုင်းကို ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ဖြတ်သန်းခဲ့သည်။ ပထမ လှိုင်းတွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ရာဂဏန်းနှင့် သေဆုံးသူ ခုဂဏန်းမျှသာရှိ၏။ ကူးစက်မှုဒုတိယလှိုင်းကို ၂၀၂၀ ပြည့်နှစ် သြဂုတ် လတွင် ထပ်မံကြုံတွေ့ ခဲ့ရသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသည့်လူနာ ၁၂၄၂၇ ဦး၊ ကုသပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရသူ ၃၃၉၁ ဦး၊ သေဆုံးသူ ၂၈၄ ဦးရှိပြီး ဆက်လက်ကုသမှုခံယူ သူ ၈၇၅၂ ဦးရှိသည်။

ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံကြရာဝယ်

ကိုဗစ် -၁၉ ၏အစွမ်းနှင့် နောက်ဆက်တွဲ ဒုက္ခပင်လယ်ဝေခဲ့ရမှုသည် တတိယလှိုင်းတွင် ပို၍ထင်သာမြင်သာ ရှိခဲ့ကြလေသည်။ မိမိချစ်သူခင်သူမြတ်နိုးရသူတို့ အနားမှာ မရှိနိုင်ကြတော့ပေ။ ကိုဗစ် ပြင်းထန်ရောဂါ အခြေအနေမှ လွတ်မြောက်လာခဲ့လျှင်လည်း နာလန်ထူရန် အချိန်ပေးရသေးသည်။ ကိုဗစ် -၁၉ ရောဂါ ကြောင့် လူမှု၊ စီးပွားနှင့် ဘဝများစွာ ဆုံးရှုံးခဲ့ရသည်။ နစ်နာခဲ့ရလေသည်။ ရွှေရင်ဆို့၊ မျက်ရည်စို့ခဲ့ရသော၊ ပူလောင်ခဲ့ရသော အဖြစ်အပျက်များ မိသားစုကိုယ်စီနှင့် မိမိပတ်ဝန်းကျင်တို့တွင် ရှိခဲ့ပြီးလေသည်။ ထို့ကြောင့်.. ထို့ကြောင့် ထို အတိတ်ဆိုး၊ ကိုဗစ် ၁၉ ရန်သူဆိုး၏ အောင်နိုင်ရာ လက်နက်မှာ ကာကွယ်ဆေး ပင်ဖြစ်ပါသည်။
Subscribe to