မေတ္တာလည်းခြုံ မေတ္တာလည်းပို့
ယနေ့ကမ္ဘာ့ဒေသအချို့တွင် အကြမ်းဖက်မှု၊ စစ်မက်၊ စစ်ဘေးကြံမှုတွေဟာ ထိန်းရခက်အောင် ကျယ်ပြန့်နေပါတယ်။ ဒီလိုကာလမှာ ဒါတွေကို လျော့ပါးသွားအောင်မလုပ်ဘူး၊ မလုပ်နိုင်ဘူးဆိုရင် ဒီဒေသတွေဟာ ငရဲပြည်အလားဖြစ်ကာ ဒုက္ခပင်လယ်သွားပါလိမ့်မယ်။
