မိုင်းပျဉ်းမြို့လူထုအခြေပြုဗဟိုဌာန (Community Center )ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
မိုင်းပျဉ်းမြို့လူထုအခြေပြုဗဟိုဌာန (Community Center )ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
မိုင်းပျဉ်း ဒီဇင်ဘာ ၂၄
မေမွန်ထွဋ်
ငွေစုငွေချေးသမဝါယမအသင်းများ ယိုင်လဲမသွားဖို့ဆိုလျှင်
ခေါင်းရွက်ဗျပ်ထိုးဈေးသည်လေးများ၊ အခြေခံလက်လုပ်လက်စားမှအစ ဝန်ထမ်း ကြီး၊ ငယ်များအတွက် အားကိုးအားထားပြုနေရသည့် ငွေစုငွေချေး သမဝါယမအသင်းများသည် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ရှင်သန်ရပ်တည်နေကြပါသည်။ ငွေစုဆောင်းတတ်သည့် အလေ့အကျင့် ကောင်းကို ဖန်တီးပုံဖော်ရင်း လိုအပ်သည့် အရင်းအနှီး၊ အိမ်သုံး၊ လူသုံးပစ္စည်းများ ဝယ်ယူရရှိနိုင်စေရန်အတွက် ချေးငွေထောက်ပံ့ပေးနေသည့် အငယ်ဆုံးသော ငွေကြေးအဖွဲ့အစည်းများထဲတွင် ငွေစုငွေချေး သမဝါယမအသင်း၊ ဈေးသမဝါယမအသင်း၊ အသေးစားချေးငွေလုပ်ငန်း သမဝါယမအသင်းနှင့် ငွေကြေးသမဝါယမအသင်းများက ကျရာအခန်းကဏ္ဍက ပါဝင်နေပြီး အခြေခံပြည်သူများကို ငွေကြေးဝန်ဆောင်မှုများ ပေးလျက်ရှိနေသည်က ငြင်းဖွယ်မရှိပါ။ ကိုဗစ်ကာလလွန် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ယုတ်လျော့မှု၏ ဒဏ်ကြောင့် ငွေကြေးအဖွဲ့အစည်းများ၊ လေကြောင်းလိုင်းများ၊ ခရီးသွား လုပ်ငန်းများ ထိခိုက်မှုရှိမည်ဆိုသည်က အနည်းနှင့်အများပင် ရင်ဆိုင်ကြုံတွေ့ ကြရမည် ဖြစ်ပေသည်။
ရင်ထဲက တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်ကြီး တည်ထောင်ခဲ့သည်မှာ နှစ် (၁၀၀) ပြည့်ခဲ့ပြီဖြစ်ရာ ယခုအခါ (၁၀၁) နှစ်အတွင်းသို့ ဝင်ရောက်ခဲ့ပါပြီ။ ငယ်စဉ်က နံနက်ချိန်ခါတေးသံသာ လာတိုင်း ကြားရတတ်သော ကိုမင်းနောင်၏ “တက္ကသိုလ် ကျောင်းသူတစ်ဦး”သည် နားထဲတွင် စွဲနစ်နေ၏။ အောင်မင်းခေါင်ဘုရားလမ်းနေအိမ်မှ ၅ မိုင်ခွဲ မာတင် ရိပ်သာရှိ ဦးလေးအိမ်သို့သွားတိုင်း အင်းလျားလမ်းကို ဖြတ်ရလေ့ရှိရာ သစ်ပင်တွေ အုပ်ဆိုင်းနေသော ရန်ကုန် တက္ကသိုလ်ဝင်းကြီးထဲမှ ဘွဲ့နှင်းသဘင်ခန်းမကြီးကို မြင်တွေ့ရလေ့ရှိပါသည်။ “သမီး တစ်နေ့တက်ရမယ့် ကျောင်းကြီးပဲ”ဟု အဖေက လက်ညှိုးညွှန်ပြ၏။ ကြီးမား ခံ့ထည်သော အဆောက်အအုံကြီးက ကျွန်မကို ရင်ခုန်စေခဲ့ပါသည်။
ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၌ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှု ကျယ်ပြန့်လာပုံများနှင့် ပညာရေးတွင် ဒစ်ဂျစ်တယ်စီးပွားရေး၏ အရေးပါပုံများနှင့် ပတ်သက်ပြီး ဗဟုသုတ မျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၂၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
