ရန်ကုန်တက္ကသိုလ်နှင့် ခြေလျင်တောင်တက်အသင်း
“မိုဟာမက်သည် တောင်ကြီးကို လာလော့ဟု ဖိတ်ခေါ်၏။ တောင်ကြီးကား မရွေ့၊ ထိုအခါ မိုဟာမက်သည် တောင်ကြီးရှိရာသို့ သွားလေ၏”ဟူသော အာရေဗျ စကားပုံလေးရှိပါသည်။ ကျွန်တော်တို့သည် မြင့်မားဝေသီသော တောင်ထွတ်ကြီးများပေါ်သို့ တက်ရောက်လိုပါ၏။ တောင်ထိပ်တောင်ထွတ်ကြီးများသည် ကျွန်တော်တို့ထံသို့ လာမည်ကားမဟုတ်။ ထို့ကြောင့် ကျွန်တော်တို့သည် တောင်ထွတ်ကြီးများရှိရာသို့ ရေမြေတောတောင်ခရီးကြမ်းအမျိုးမျိုး၊ ရာသီဥတုအမျိုးမျိုး၊ အခက်အခဲအတားအဆီးအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်၍ ဇွဲ၊ သတ္တိ၊ အားမာန် အပြည့်ဖြင့် တက်ရောက်ကြရပါသည်။
