မြို့မအမျိုးသမီး အထက်တန်းကျောင်း - အ.ထ.က (၃) ဒဂုံ
မြို့မအမျိုးသမီးအထက်တန်းကျောင်း (အ.ထ.က-၃ ဒဂုံ) သည် ရန်ကုန်မြို့ (တင့်ခ်လမ်း)တွင် ရှိပါသည်။ မြို့မကျောင်းလမ်းတွင်ရှိသော မြို့မအမျိုးသားကျောင်း (ယခု အ.ထ.က-၂ ဒဂုံ) သည် ယောက်ျားလေးများ တက်ရောက်သင်ကြားနိုင်သော ကျောင်းဖြစ်ပြီး မြို့မအမျိုးသမီး အထက်တန်းကျောင်းတွင် မိန်းကလေးများ (သီးသန့်) ထားရှိကာ ပညာသင်ကြားပေးသော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။
