ကျွန်တော်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး
“မင်းမှာ သစ္စာ၊ လူမှာ ကတိ” ငယ်ငယ်တုန်းက ကြားဖူးတဲ့ စကားပုံဟာ အလွန်တန်ဖိုးရှိလာပါတယ်။ ကြီးပြင်းလာတဲ့အခါ အဓိပ္ပာယ်ကို ပိုပြီးသဘောပေါက်နားလည်လာခဲ့တယ်။ တစ်ချိန်က အမှုမဲ့အမှတ်မဲ့အရာဟာ အခုတော့ အလေးအနက်ထားရမယ့်အကြောင်း သိနားလည်ခဲ့ပါတယ်။ ကတိကို လွယ်လွယ် မပေးသင့်ဘူး။ ပေးခဲ့ရင်လည်း ကတိကိုတည်ရမယ်။ အခုချိန်မှာ ဒီအတွေးတွေကို ဆင်ခြင်သင့်တယ်။ နေရာတိုင်းလိုလို ကတိကိုလွယ်လွယ်ပေးနေကြတာ တွေ့မြင်ရတယ်။
