ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့်မှသည်...
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့် ရာပြည့်အခမ်းအနားကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ရန်ကုန်တက္ကသိုလ်ကြီးသည် ၁၉၆၂ ခုနှစ် မတိုင်မီက အမိမြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှနိုင်ငံ များတွင်ပါ နာမည်ကျော်လှသော တက္ကသိုလ်ကြီး (Flagship University/ Top University by Reputation) ဖြစ်ခဲ့ပါသည်။
