စံကားဝါမြေ ရွှေပုပ္ပားဆီသို့
နေ့စဉ်ရုန်းကန်လှုပ်ရှားနေရသော လူမှုဘဝတွင် လူမှုရေး၊ စီးပွားရေး အစရှိသည့် နယ်ပယ်အရပ်ရပ်မှ ဝင်ရောက်လာသောစိတ်ဖိစီးမှုများကို ဖြေဖျောက်နိုင်ရန် အကောင်းဆုံးသော နည်းလမ်းများတွင် ခရီးသွားခြင်းသည် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်ကို လက်ခံပြီး ဖြစ်ကြပါလိမ့်မည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၌ ခရီးသွားဆွဲဆောင်မှုနေရာဒေသများ အများအပြား တိုးပွားလာနေသည့်အထဲမှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ စံကားဝါမြေ ရွှေပုပ္ပားဆီသို့ သွားရောက်လည်ပတ် အပန်းဖြေရန် အကြံပြုလိုပါသည်။
