Skip to main content

မြို့လှမြို့၌ ပြည်သူ့စာကြည့်တိုက်တွင်Online ဝန်ဆောင်မှုများဆောင်ရွက်

မြို့လှမြို့၌ ပြည်သူ့စာကြည့်တိုက်တွင်Online ဝန်ဆောင်မှုများဆောင်ရွက် မြို့လှ စက်တင်ဘာ ၂၁ မြို့လှ(ပြန်/ဆက်)

မြန်မာ့ရုပ်ရှင် ရာပြည့်နှစ်မှသည် ရာစုနှစ်ပေါင်းများစွာဆီသို့ . . .

ပတ္တမြား ကမ္ဗလာခင်းထားသည့်နှယ် စိန်ပန်းနီနီတို့ မြေမှာပြန့်ကျဲသည့် မိုးဦးကျအချိန်သို့ ရောက်လာတိုင်း မော်လမြိုင်မြို့ရှိ ရွှေနတ်တောင် အထကကို လွမ်းဆွတ်မိပါသည်။ တူညီဝတ်စုံ ဖြူစိမ်းလေးများဖြင့် နံနက်လင်းတော့ ကျောင်းလာ၊ ညနေခင်းမှာ ကျောင်းဆင်းခဲ့ရသည့် အတိတ်ပုံရိပ်တို့သည် အချိန်နှင့်အမျှ တဖြည်းဖြည်း လွင့်ဝေးသွားသည့် ငယ်ဘဝအိပ်မက်များဖြစ်ကြ၏။

ကျွန်တော်နဲ့ အခက်အခဲကြားမှ ဦးဆောင်မှု

အခုအချိန်မှာ ကိုဗစ်- ၁၉ ရောဂါကြီးရဲ့ဒဏ်ကို အလူးအလဲ ခံနေရတယ်။ တစ်ကမ္ဘာလုံးမှာ ရောဂါကူးစက်တဲ့ လူနာပေါင်းသန်း ၃၀ ကျော်ရှိပြီး ဒီရောဂါနဲ့ သေဆုံးသွားသူ အရေ အတွက်ဟာ စုစုပေါင်း ၁ သန်းနီးပါးရှိပြီဖြစ်တယ်။ မြန်မာပြည်မှာ စောစောက အခြေအနေတွေ ကောင်းခဲ့ပေမယ့် အခုတော့ မထင်မှတ်ဘဲ ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း ဟာ တရိပ်ရိပ်တက်လာတာ တွေ့ရတယ်။ ရန်ကုန်ရဲ့ အခြေအနေဟာ ဆိုးရွားလျက်ရှိပြီး မြို့နယ်အားလုံးမှာ အသွားအလာအကန့်အသတ်တွေ၊ တားမြစ်မှုတွေကို ဆောင်ရွက်ခဲ့တယ်။ သင်္ကြန်အပြီး ဩဂုတ်လအထိ ရောဂါကို ထိန်းနိုင်ခဲ့ပေမယ့် အခုတော့အခြေအနေတွေက စိုးရိမ်စရာ၊ စိတ်ပူစရာတွေ ဖြစ်နေတာ။

ကိုဗစ် - ၁၉ ရောဂါကူးစက်မှု ကွင်းဆက်ကို အပြတ်ဖြတ်နိုင်ဖို့ အားလုံးပါဝင်စို့

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့ စက်တင်ဘာ ၁၈ ရက်က ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာစေမည့် အသစ်တည်ဆောက်ပြီးစီးသော သမုတ်လွတ်လွတ်တံတား၊ တနင်္သာရီတံတားနှင့် ပုလုံးတုံးတုံးတံတား

တနင်္သာရီတိုင်းဒေသကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တောင်ဘက်အစွန်ဆုံးတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၆၇၃၅ ဒသမ ၅၆ စတုရန်းမိုင် ဧရိယာရှိပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နှင့် မြို့နယ် ၁၀ မြို့နယ် ဖြင့်ဖွဲ့စည်းထားသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁၄ သိန်းကျော် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်း ကျောင်း ပြုကြပါသည်။ တနင်္သာရီပင်လယ်ကမ်းရိုးတန်းအရှည် မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) ကျော်ရှည်လျားပြီး ကျွန်းငယ်ပေါင်း ၈၄၀ ကျော်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုများသည် အရှေ့တောင်အာရှနှင့် အာရှတိုက်တွင် နာမည်ကျော်ကြားပါသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း လှပသည့် ပင်လယ်၊ ရှည်လျားသည့်ကမ်းခြေနှင့် အေးချမ်းသာယာသော ကျွန်းစုများနှင့် တန်ခိုးကြီးစေတီပုထိုးများ ရှိသောကြောင့် ပြည်တွင်းပြည်ပမှ ခရီးသွားပြည်သူများ လာရောက်လေ့လာ အပန်းဖြေ သွားလာလည်ပတ်ကြသော တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကို မကြောက်သူ

ဩဂုတ်လကုန်လောက်က ရခိုင်ပြည်နယ်တွင် လျင်မြန်စွာ ပျံ့နှံ့ကူးစက်နေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် မိတ်ဆွေ ဖြစ်သူ တရားလွှတ်တော်ရှေ့နေကြီးအား တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ကျွန်တော်တို့ ခင်ဗျားတို့ အသက် ၇၀ ကျော် သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေဟာ ကိုဗစ်ရောဂါ ရဲ့ ပစ်မှတ်ဖြစ်နေကြောင်း၊ လူအများကြား တရားရုံးသို့ သွားနေရသူဖြစ်၍ အထူးသတိထားသင့်ကြောင်း၊ ရောဂါ ကူးစက်မှုမှာ အလွန်လျင်မြန်နေကြောင်း၊ ရောဂါကူးစက် ခံရပြီဆိုလျှင် မိမိသာမက မိသားစုအပါအဝင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ စားဝတ်နေရေးပါ ထိခိုက်နိုင်သဖြင့် အထူးသတိထားသင့်ကြောင်းပြောရာ ၎င်းက အားရပါးရ ရယ်ပြီး ခင်ဗျားအားပေးစကားပြောတာ ကျေးဇူးတင်ပါ တယ်ဗျာ။ ဒါပေမဲ့ ခင်ဗျားပြောတာက ရောဂါကူးစက်ခံရ မှာကို ကြောက်တာထက် စိုးရိမ်စိတ်က ပိုများနေတယ်။ စိုးရိမ်စိတ်များရင် ဒုက္ခရောက်တတ်တယ်။ ကျွန်တော်က တော့ မကြောက်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား စဉ်းစားကြည့်လေ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ယှဉ်ကြည့်ဗျာ၊ အဲဒီ နိုင်ငံတွေရဲ့ ကူးစက်ပျံ့နှံ့မှုတွေ၊ သေဆုံးမှုတွေကြည့်ရင် ကျွန်တော်တို့ နိုင်ငံမှာဖြစ်ပွားပါတယ်ဆိုတဲ့ အခြေအနေ ဟာ မဆိုးရွားဘူးလို့ ပြောလို့ရပါတယ်။

တနိုင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

တနိုင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ် တနိုင်း စက်တင်ဘာ-၁၇ စိုင်းထင်ကျော်(ပြန်/ဆက်)

ဖျာပုံမြို့၌ကမ္ဘအိုဇုန်းလွှာအထိမ်းအမှတ်နေ့ကျင်းပ

ဖျာပုံမြို့၌ကမ္ဘအိုဇုန်းလွှာအထိမ်းအမှတ်နေ့ကျင်းပ ဖျာပုံ စက်တင်ဘာ ၁၇ သတင်းရိုက်ကူးပေးပို့သူ - အောင်ဝင်းနိုင်(ပြန်/ဆက်)

မတူပီမြို့၌ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

မတူပီမြို့၌ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ် မတူပီ စက်တင်ဘာ ၁၇ မြို့နယ်(ပြန်/ဆက်)
Subscribe to