Skip to main content

ကလိန်အောင်မြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်

ကလိန်အောင်မြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ် ကလိန်အောင် စက်တင်ဘာ ၁၆ မိုးမိုးခိုင်

ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေး လှိုင်ဝပူးပေါင်းစစ်းဆေးရေး ဂိတ် တွင် ခရီးသည်တင်ကားများ ရပ်တန့်စစ်ဆေး

ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေး လှိုင်ဝပူးပေါင်းစစ်းဆေးရေး ဂိတ် တွင် ခရီးသည်တင်ကားများ ရပ်တန့်စစ်ဆေး ကော့ကရိတ် စက်တင်ဘာ ၁၆ စောစိုးထက်အောင်

မန္တလေး အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲ များအား စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချ

မန္တလေး အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲ များအား စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချ မန္တလေး၊ စက်တင်ဘာ ၁၆ မြင့်မော်ထွန်း

ရုပ်ရှင်ဇာတ်လမ်းများကပေးတဲ့ ဘဝသင်ခန်းစာများ

သင်တို့၏ ပုံပြောနိုင်သည့်စွမ်းရည် တိုးတက်ဖြစ်ပေါ်လာစေရန် လေ့ကျင့်ပါ ကျွန်ုပ်တို့ဟာ ဟောလိဝုဒ်လို့ပြောဆိုကြတဲ့အခါ ရုပ်ရှင်ဇာတ်ကားတွေက တင်ဆက်တဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့၊ ပြဇာတ်ဆန်တဲ့၊ ရယ်မောဖွယ်ရာကောင်းတဲ့ ဇာတ်လမ်းတွေကို ဦးစွာ အမှတ်ရလေ့ရှိကြပါတယ်။

မိုးရာသီနှင့်ဆက်စပ်နေသော လျှပ်စစ်အန္တရာယ်များ

မိုးရာသီရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းရေကြီးရေလျှံ သည့် သဘာဝဘေးအန္တရာယ် “ရေဘေးဒုက္ခ” ကို ခံကြရ သည်မှာ နှစ်စဉ်လိုလိုဖြစ်ပါသည်။ မြစ်များ၊ ချောင်းများနှင့် နီးသောနေရာဒေသများ၌ မြစ်ရေ၊ ချောင်းရေတိုး၍ ရေကြီးရေလျှံဖြစ်ရသလို မြစ်များ၊ ချောင်းများမရှိ၊ မြစ်များ၊ ချောင်းများနှင့်ဝေးသော်လည်း မိုးသည်းထန်စွာ ရွာ၍ ရေကြီးရေလျှံဖြစ်ရသည့် နေရာဒေသများလည်း ရှိပေသည်။

တောင်ငူ ငါးမြို့

မြန်မာနိုင်ငံ၏ ထင်ရှားသော မြို့တစ်မြို့ ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း၌ တည်ရှိ သည့် တောင်ငူသည် ကေတုမတီဟုလည်း ထင်ရှားကာ ၂၀၂၀ ပြည့်နှစ်တွင် မြို့တည် ထောင်မှု သက်တမ်း နှစ် ၅၁၀ ပြည့်ပြီဖြစ် သည်။ တောင်ငူဘုရင် မင်းကြီးညိုသည် ကေတုမတီမြို့ကို ခရစ်နှစ် ၁၅၁၀ ပြည့်နှစ် တွင် တည်ထောင်ခဲ့ကာ ကေတုမတီမြို့ကို မတည်မီ မြဝတီမြို့နှင့် ဒွါရာဝတီမြို့တို့ကို တည်ခဲ့သည်။

တစ်နွယ်ငင်…သော်…

တစ်ကျော့ပြန် ကိုဗစ်လှိုင်းဟာ ကျွန်မတို့နိုင်ငံမှာ ဩဂုတ် လလယ်ကစပြီး ပြန်လည်ဦးမော့လာခဲ့တယ်။ ဇွန်၊ ဇူလိုင်လတွေမှာ ရောဂါဖြစ်ပွားနှုန်းကျဆင်းသွားခဲ့လို့ ကမ္ဘာကတောင် ချီးကျူးနေရတဲ့ အနေအထားဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့လကစပြီး ရခိုင်ပြည်နယ်ကနေ ကူးစက်မှုတွေ ပြန့်ပွားလာတာကြောင့် အစိုးရနဲ့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရယ်၊ အလှူရှင်တွေရယ်၊ ပြည်သူ တွေရယ် ပူးပေါင်းပြီး အကြိတ်အနယ် ရင်ဆိုင်ကြရ ပြန်တယ်။ တဖြည်းဖြည်းနဲ့ အခြားမြို့ရွာတွေကိုပါ ပျံ့နှံ့ လာခဲ့တယ်။ တစ်နေ့တစ်နေ့ ပိုးတွေ့လူနာ “ရာချီအထိ” တွေ့နေရတာကို ရင်တမမနဲ့ ‘ဘုရားတ’ရင်း စောင့်ကြည့် နေကြရတယ်။ သံသယလူနာတွေ အားလုံးနီးပါး များများ စစ်ဆေးနိုင်ကြလို့ ရောဂါပိုးရှိသူများများ ရှာဖွေနိုင်တာ လည်း ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ လူတချို့ဟာ ညွှန်ကြားချက်တွေ၊ စည်းကမ်းတွေကို တိတိကျကျ မလိုက်နာကြတာကိုလည်း တွေ့နေရ ပြန်တယ်။

အထက်ချင်းတွင်းဒေသနှင့် နာဂတောင်တန်းဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး တည်ဆောက်ပေးထားသော ချင်းတွင်းတံတားများ

သလ္လာဝတီမြစ်ခေါ် ချင်းတွင်းမြစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်၏ ကျယ်ဝန်းသည့် ဟူးကောင်း ချိုင့်ဝှမ်းလွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဝမ်၊ တရွန်မြစ်များစုဆုံ၍ ဖြစ်ပေါ်လာပါသည်။ မြောက်မှ တောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးဖြစ် သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်ပါသည်။ မြန်မာနိုင်ငံ၏ နာမည်ကျော် ကျောက်စိမ်း တွင်းများသည်လည်း ဥရုချောင်းဖျားနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် တည်ရှိနေကြသည်။

အိုဇုန်းလွှာအကြောင်း သိကောင်းစရာ

အောက်ဆီဂျင်အက်တမ် သုံးခုပါဝင်သော မော်လီကျူး တစ်ခုဖြစ်သည့် အိုဇုန်းဓာတ်ငွေ့သည် အပြာရောင် ဖျော့ဖျော့ရှိပြီး အလွန်အနံ့ပြင်း၍ မြေပြင်ပေါ်တွင် တည်ရှိပါက လေထုညစ်ညမ်းမှု ဖြစ်စေသည်။ စက်ရုံ အလုပ်ရုံများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံများ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သော ဓာတ်ဆီငွေ့များတွင် အဓိက ပါဝင်သည့် နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင်ဒြပ်ပေါင်းများ (Oxide of Nitrogen)နှင့် အငွေ့ပြန်လွယ်သော အော်ဂဲနစ် G8cule:(Volatile Organic Compound-VOC)ąp: နေရောင်ခြည်နှင့်ဓာတ်ပြု၍ ဖြစ်ပေါ်လာရသည့် အိုဇုန်း ဓာတ်ငွေ့များသည် ကမ္ဘာ့မြေမျက်နှာပြင်မှ ငါးမိုင်အတွင်းရှိ ထရိုပိုစဖီးယား(Troposphere)အလွှာတွင် တည်ရှိနေပါသည်။

ကောင်းကင်ယံတွင် အစဉ်ပျံသန်းနေဦးမည့် မြန်မာ့အမျိုးသားလေကြောင်း

လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သော မြန်မာအမျိုးသား လေကြောင်းသည် လာမည့် စက်တင်ဘာလ (၁၅) ရက်နေ့ဆိုလျှင် (၇၂) ပြည့်မြောက်ပြီဖြစ်သည်။ တကယ်တော့ သက်တမ်း ၇၂ ပြည့်မြောက်ပြီဆိုသော်လည်း အသွင်သစ်ဖြင့် သွေးသစ် လောင်းခဲ့သည်မှာတော့ ငါးနှစ်ခန့်သာ ရှိဦးမည်၊ ယခင် မြန်မာ့လေကြောင်းအမည်နှင့် ရှိနေခဲ့သော အသွင်အပြင် ပုံရိပ်ဒီဇိုင်းနှင့် ခြားနားစွာ အသွင်သစ် ပုံစံဒီဇိုင်းအသစ်နှင့် မြန်မာအမျိုးသား လေကြောင်းဟူသောအမည်ဖြင့်ပြောင်းလဲ ထွက်ပေါ်လာခြင်းဖြစ်သည်။
Subscribe to