Skip to main content

မင်းဘူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်း ကမ်း လမ်းစည်းကမ်းဆိုင်ရာ Talk Show အပိုင်း ( ၃ ) ပြုလုပ်ဆောင်ရွက်

မင်းဘူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်း ကမ်း လမ်းစည်းကမ်းဆိုင်ရာ Talk Show အပိုင်း ( ၃ ) ပြုလုပ်ဆောင်ရွက် မင်းဘူး နိုဝင်ဘာ ၁၆ ဇေယျာထက် (မင်းဘူး)

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကြက်သွန်များကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးနေ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကြက်သွန်များကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးနေ မြို့သစ် နိုဝင်ဘာ ၁၆ မြင့်မြင့်ထွေး

ဆင်ပေါင်ဝဲမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စက္ကူခေါက်ခြင်း အစီအစဉ် Online မှ တင်ဆက်

ဆင်ပေါင်ဝဲမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စက္ကူခေါက်ခြင်း အစီအစဉ် Online မှ တင်ဆက် ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၆ ချိုချိုဝင်း(ပြန်ဆက်)

မိတ္ထီလာမြို့နယ်တွင် သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးသော ဒေသနေကြာမျိူးများအစား အထွက်နှုန်း ကောင်းမွန်သော ရေဆင်း စပ်မျိုးနေကြာကို ပြောင်းလဲ စိုက်ပျိုးလာကြ

မိတ္ထီလာမြို့နယ်တွင် သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးသော ဒေသနေကြာမျိူးများအစား အထွက်နှုန်း ကောင်းမွန်သော ရေဆင်း စပ်မျိုးနေကြာကို ပြောင်းလဲ စိုက်ပျိုးလာကြ မိတ္ထီလာ နိုဝင်ဘာ ၁၆ သိန်းမြင့်ကျော်

ကံ့ကော်မြေက လူမှုကရုဏာခရီးအစ

တက္ကသိုလ်ကျောင်းက ငွေလမင်းသီချင်းသည် မြကျွန်းညိုရဲ့ ရင်ခွင်တွင် ကြီးပြင်းခဲ့ရသူတို့၏ နှလုံးသား ကို လှုပ်ခါစေသည်။ သြော်.........ကျွန်ုပ်တို့၏ တက္ကသီလာ (ဝါ) မြကျွန်းညိုသည် ရာပြည့်သို့ပင် တိုင်ခဲ့လေပြီ။ ထို သီချင်းသံသည် ရာပြည့်သဘင်ကျင်းပရာ ဘွဲ့နှင်းသဘင် ခန်းမဆီမှ ဖြစ်လေမည်။ ထိုသီချင်းထဲကအတိုင်း စာရေးသူ မိမိသည် မုံရွာဆိုသည့်နယ်မြို့မှ အမိရန်ကုန် တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ယူလာခဲ့သည်မှာ လေးနှစ်တိုင်ပြီ ဖြစ်သည်။ တစ်မြို့ဆီ တစ်နယ်ဆီက သူငယ်ချင်းပေါင်းစုံနှင့် မိတ်ဆွေအပေါင်း အသင်းဖြစ်ခဲ့ပါသော်လည်း စိတ်အနေမပြောင်းခဲ့ပါလေ။ သို့သော် အမိတက္ကသိုလ်တွင် အမှတ်တရများစွာနှင့် ပျော်ရွှင်ဖွယ်အတိဖြစ်ခဲ့သည်။ ထိုအထဲမှ စာ‌ရေးသူ တက္ကသိုလ်ရောက်စဉ်ကတည်းက ပါဝင်လှုပ်ရှားခဲ့သည့် ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲသည် အမှတ်တရအများအပြားနှင့် ဒုတိယမိသားစုကဲ့သို့ပင် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၏ သုတ၊ ရသစာပေ အစဉ်အလာ

ရန်ကုန်တက္ကသိုလ်သည် သုတ၊ ရသ စာကောင်းပေမွန်များ အစဉ်အဆက်ပေါ်ထွန်းရာ ‘ရေခံမြေခံကောင်း’ ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချသော ပညာရှင်ဆရာ ဆရာမများသည် ပညာရပ်ဂျာနယ် စာစောင်များတွင် ပညာရပ်အမျိုးမျိုးကို စာတမ်းများ၊ ဆောင်းပါးများဖြင့် ဖြန့်ဝေသကဲ့သို့ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးသော ကျောင်းသား ကျောင်းသူများထဲမှ စာပေဝါသနာရှင်များသည် တက္ကသိုလ်မဂ္ဂဇင်း စာစောင်များတွင် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများ ရေးသားကြသည်။ ဤအစဉ်အလာသည် အမိတက္ကသိုလ်ကြီး၏ နှစ်တစ်ရာသက်တမ်းကာလအထိ ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်သည်။

မြန်မာနိုင်ငံက ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုး၍ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှုဒေသ၏အဖွဲ့ဝင်ဖြစ်လာ

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ညှိနှိုင်းဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ သတင်းစာတွင် အလျဉ်းသင့်သလို ရေးသားဖော်ပြမှုများရှိခဲ့သလို ပြည်ထောင်စုလွှတ်တော်တွင်လည်း လွှတ်တော်ကိုယ်စားလှယ် များအား ရှင်းလင်းတင်ပြမှုများ ရှိခဲ့ပါသည်။ ယခုအခါ အဆိုပါ သဘောတူစာချုပ်အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် (၄) ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဝန်ကြီးများက နိုင်ငံ့ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။ RCEP စာချုပ်နှင့်စပ်လျဉ်း၍ အစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များအတွက် သိသင့်သိထိုက်သည်များကို သိရှိစေရန် ရည်ရွယ်၍ ရေးသားဖော်ပြလိုက်ပါသည်။
Subscribe to