“သရုပ်ဆောင်အနုပညာ” သည် အလွန်သိမ်မွေ့ နက်နဲလှသော ပညာတစ်ရပ် ဖြစ်ပါသည်။ “သရုပ်ဆောင် ခြင်းအတတ်ပညာကို သဘာဝအမူအရာများအား လေ့လာသုံးသပ်ခွဲခြမ်းစိတ်ဖြာမှုပြုပြီး လေ့လာသင်ယူ လျှင် ရနိုင်သည်” ဟူသော အယူအဆနှင့် “သရုပ်ဆောင် ခြင်းကို ခံစားချက် စိတ်သွင်းပြီး လုပ်ဆောင်မှသာ ရနိုင် သည်” ဟူသော အယူအဆ နှစ်ရပ် ပေါ်ပေါက်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ရုပ်ရှင်အနုပညာရှင်အချို့က “သရုပ်ဆောင်ဖြစ်ရန် လေ့ကျင့်သင်ကြားပေး၍ ရနိုင် သည်” (A Star is made) ဟူသော အယူအဆနှင့် “သရုပ်ဆောင်ဆိုသည်မှာ သူ့အလိုအလျောက် မွေးဖွား လာသူ” (A Star is born) ဟူသော အယူအဆကို ထပ်မံ ဖော်ထုတ်ခဲ့ကြသည်။