အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် ၁၉၆၇ ခုနှစ်ကစတင်ပြီး သတ်မှတ်ခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ။ ကမ္ဘာ့ဆရာများနေ့ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံမှာ နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်အဆင့် အခမ်းအနားတွေ နှစ်စဉ်ကျင်းပခဲ့တယ်။ ဒီနှစ်အခမ်းအနားကို နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တယ်။ ယခင့် ယခင်နှစ်တွေမှာ ကျင်းပတဲ့ပုံစံမဟုတ်ဘဲ ကိုဗစ်ကပ်ရောဂါကြီးကြောင့် အွန်လိုင်းကတစ်ဆင့် ကျင်းပခဲ့ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်က “ဦးဆောင်ကျော်လွှားကပ်ဘေးများ အနာဂတ်ပုံဖော်မည့် ဆရာများ” ဖြစ်ပါတယ်။