သဘာဝပတ်ဝန်းကျင်နှင့် မျက်နှာဖုံး (Mask) ပြဿနာ
ပြီးခဲ့သည့်လအတွင်းက ကိုဗစ်-၁၉နှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများအကြောင်းကို ဆောင်းပါးရေးသားခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အသွားအလာများကန့်သတ်ထိန်းချုပ်လိုက်သဖြင့် ကာဗွန်ထုတ်လွှတ်မှုလျော့ကျပြီး သဘာဝပတ်ဝန်းကျင် ပြန်လည်သန့်စင်သွားသည့်အကြောင်းကို ရေးသားခဲ့ခြင်း ဖြစ်သည်။
