Skip to main content

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွက် အသင်းပေးစာအုပ်အဖြစ် ''ပန်းတနော်ခင်မောင်မြင့်'' ရေးသားသည့် ''ကမ္ဘာ့ကျောက်မီးသွေးလောကနှင့် မြန်မာ့ကျောက်မီးသွေး'' စာအုပ် ဖြန့်ချိ

Submitted by admin on 2 March 2020
၂ဝ၂၀ ခုနှစ် ဖေဖော်ဝါရီလအတွက် အသင်းပေးစာအုပ်အဖြစ် ''ပန်းတနော်ခင်မောင်မြင့်'' ရေးသားသည့် ''ကမ္ဘာ့ကျောက်မီးသွေးလောကနှင့် မြန်မာ့ကျောက်မီးသွေး'' စာအုပ်ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ စာအုပ်သည် ၂ဝ၁၇ ခုနှစ် အတွက် စာပေဗိမာန်စာမူဆု သုတပဒေသာ (သိပ္ပံ) ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။

(၂၉- ၂ - ၂၀၂၀) ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၉) ထွက်ရှိ

Submitted by admin on 2 March 2020
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂) အမှတ် (၉) ၌ သူတစ်ပါးအပေါ် စိတ်ကောင်းစေတနာထားကာ ကူညီလုပ်ဆောင်ပေးပါက မိမိတွင် အခက်အခဲရှိလာသောအခါ အကူအညီရနိုင်ပုံအကြောင်းကို ရေးဖွဲ့ထားသည့်"အပြန်အလှန်'' မျက်နှာဖုံး ဇာတ်လမ်း၊

ရှမ်းစုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်လှစ်

Submitted by admin on 2 March 2020
၂၀၂၀ ပြည့်နှစ် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ၊ ရှမ်းစုကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါ အဆောက်အဦရှေ့၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး နယ်စပ်ဒေသ တောင်ပေါ်ကျေးရွာသို့ သွားရောက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်

Submitted by admin on 2 March 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ တာချီလိတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့သည် လွယ်တော်ခမ်းကျေးရွာအုပ်စု ဗာလကျေးရွာသို့ ယနေ့ နံနက် ၁၀ နာရီအချိန်က သွားရောက်ပြီး မီးခိုးမြူ ငွေ့ ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့်အခြား အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့တွင် ၂၀၂၀-ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး/ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ ရှင်းလင်းပွဲ ကျင်းပ

Submitted by admin on 2 March 2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ၂၀၂၀-ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ/လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန်စည်းကမ်းချက်များ ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အ.ထ.က စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် ၂၀၂၀-ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး/ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ ရှင်းလင်းပွဲ ကျင်းပ

Submitted by admin on 2 March 2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ၂၀၂၀-ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ/လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန်စည်းကမ်းချက်များ ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အ.ထ.က စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး

“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှုကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက်အမျိုးသမီး တွေ့ဆုံစကားဝိုင်းကျင်းပ

 “တိုင်းပြည်အကျိုးပြုဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက် အမျိုးသမီး တွေ့ဆုံစကားဝိုင်းကို အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်ဝင်းကြည်၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်လှရီရီနှင့် သက်ကြီး ကင်းထောက်ကြီး ဒေါ်ရီရီတင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြ သည်များကို ဖော်ပြအပ်ပါသည်။

ယမန်နေ့မှအဆက်

Subscribe to