Skip to main content

ရှမ်းစုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်လှစ်

Submitted by admin on 2 March 2020
၂၀၂၀ ပြည့်နှစ် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ၊ ရှမ်းစုကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါ အဆောက်အဦရှေ့၌ ကျင်းပသည်။

“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှုကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက်အမျိုးသမီး တွေ့ဆုံစကားဝိုင်းကျင်းပ

 “တိုင်းပြည်အကျိုးပြုဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက် အမျိုးသမီး တွေ့ဆုံစကားဝိုင်းကို အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်ဝင်းကြည်၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်လှရီရီနှင့် သက်ကြီး ကင်းထောက်ကြီး ဒေါ်ရီရီတင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြ သည်များကို ဖော်ပြအပ်ပါသည်။

ယမန်နေ့မှအဆက်

လူထုဗဟိုပြုစီမံကိန်းများမှ ပြည်သူ့အတွက် အကျိုးရှိစေ

ပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်လျက်ရှိရာ ပြည်သူ့ဘဝမြင့်မား တိုးတက်စေရန် ဆောင်ရွက်ပေးနိုင်သည့် အခွင့်အလမ်းများ များစွာပေါ်ထွက်လာသည့်အထဲတွင် လူထုဗဟိုပြုစီမံကိန်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ ၂၀၁၃ ခုနှစ်၌ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင် ဦးဆောင်၍ အကောင်အထည်ဖော်သည့် အလေ့အကျင့်မျိုး ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာ့ဘဏ်၏ ကနဦးစတင်ကူညီမှုနှင့် လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ ယခုနှစ်တွင် ဆဋ္ဌမမြောက်နှစ်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လူထုအခြေပြုဗဟိုဌာနများကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ စကားဝိုင်းကျင်းပ

လူထုအခြေပြုဗဟိုဌာန(Community Centre)များကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ စကားဝိုင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကျင်းပခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး MRTV-4 အစီအစဉ်တင်ဆက်သူ ငြိမ်းချမ်းကိုကို၊ မခင်ရတနာဦး၊ MRTV-4 သရုပ်ဆောင် ဖြိုးရာဇာနိုင်နှင့် ဝိုင်းရွှေရည်တို့က ပါဝင်ဆွေးနွေးခဲ့သည်။

စင်ကာပူမှာ ….. (စင်ကာပူ ကားထိန်းချုပ်မှု အတွေ့အကြုံ)

ကားထိန်းချုပ်မှုကိစ္စဟာ တိုင်းပြည်တိုးတက်ပြောင်းလဲ ရေးမှာ ၈၀ ရာခိုင်နှုန်းလောက် အရေးကြီးတယ်လို့ မြင်ပါ တယ်။

ယာဉ်ပိတ်ဆို့မှုကြောင့် လုပ်ချင်တဲ့အလုပ်တွေမပြီး၊ ရုံးချိန်နောက်ကျ၊ အစည်းအဝေးချိန် နှောင့်နှေး၊ သယ်ယူ ပို့ဆောင်ရေး အချိန်မမီခြင်းတို့ဟာ ကုန်ထုတ်လုပ်မှု နှောင့်နှေးစေတဲ့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေ နိုင်တဲ့ အချက်တွေဖြစ်ပါတယ်။

Subscribe to