ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်တွင်းပညာရှင်များ တီထွင်ထုတ်လုပ်ထားသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲတွင် မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူများအား “မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း” သင်တန်းများကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။