စာဖတ်ခြင်းနှင့် အိမ်တွင်းစာအုပ်စင်
စာဖတ်ခြင်းသည် မိမိဘဝနှင့် အလုပ်ခွင်တွင် အရည်အသွေးမြင့်မားစွာ နေထိုင်လုပ်ကိုင်နိုင်ခြင်း အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပင် ဖြစ်သည်။ အမှန်တကယ် ချမ်းသာခြင်းဆိုသည်မှာ မိမိဘဏ်ထဲတွင် ငွေမည်မျှ ထည့်ထားသည်မဟုတ်ဘဲ မိမိဦးနှောက် အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း သည်သာလျှင် အမှန်တကယ် ချမ်းသာခြင်း ဖြစ်ပေသည်။
လူတိုင်း ဝါသနာအသီးသီး ရှိကြသည့်အနက် စာရေးသူ၏ စိတ်ကျေနပ်မှုအရှိဆုံး ဝါသနာတစ်ခုမှာ စာအုပ်ကောင်းများ တဖြည်းဖြည်းချင်း စုဆောင်းခြင်း ဖြစ်သည်။
