စားရေရိက္ခာပိုလျှံစွာ ထုတ်လုပ်နိုင်မည့် ဆိပ်သာဆိုလာမြစ်ရေတင်စီမံကိန်း
ဆိပ်သာဆိုလာရေတင်စီမံကိန်းသည် မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် မိကျောင်းရဲအုပ်စု ဆိပ်သာကျေးရွာအနီး၌ တည်ရှိသည်။ အကျိုးပြုဧက ၂၀၀ အားနွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံ၏ရေလိုအပ်ချက်နှင့်အညီ ရေပေးဝေနိုင်ပြီး တစ်နှစ်သုံးသီး ရေတင်စိုက်ပျိုးနိုင်မည်ဖြစ်ရာ သီးနှံအထွက်နှုန်း အရည်အသွေးကောင်းမွန်စွာ တိုးတက်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
