ဝဥမျိုးစိတ်များနှင့် ကျန်းမာရေးအကျိုးသက်ရောက်မှုများ
ဝဥကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်းရှိနိုင်ပါတယ်။ ဝဥကို နောက်တစ်မျိုးအနေနဲ့ ဖျံဥလို့လည်း ခေါ်ကြပါတယ်။ ဝဥဆိုတာက အာဟာရပြည့်ဝတဲ့ သစ်ဥသစ်ဖုတစ်မျိုးပါ။ ဝဥကို အင်္ဂလိပ်လို Elephant Foot Yam (သို့) White Yam (သို့) Telingo လို့ခေါ်ပါတယ်။ ကမ္ဘာပေါ်မှာ ဝဥမျိုးစိတ်ပေါင်း ၁၃၀ ခန့်ရှိတဲ့အနက် ၁၂ မျိုးခန့်သာ ဖော်ထုတ်သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။
