တစ်မျိုးသားလုံးကျန်းမာရေး တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ပေး
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး နိုင်ငံတော်အဆင့် နှစ်စဉ်မပျက် အောင်မြင်စွာကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၂၄) ကြိမ်မြောက် ကျင်းပနိုင်တော့မည်ဖြစ်ပါသည်။ ယခုကဲ့သို့ အောင်မြင်စွာကျင်းပနိုင်ခြင်းမှာ နိုင်ငံတော်အစိုးရ၏ အားပေးချီးမြှောက်မှုနှင့်အတူ တိုင်းရင်းဆေး သမားတော်ကြီးများအားလုံး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့်လည်း ဖြစ်ပါသည်။
