Skip to main content

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(ခွဲ)အ.လ.က(၁၈)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်အသိပညာပေး ဟောပြောပွဲ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(ခွဲ)အ.လ.က(၁၈)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဇွန် - ၂၄ ဦးမြင့်ဇော် (ပြန်/ဆက်)

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Talk Show

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက် ဒဂုံအရှေ့ ဇွန် ၂၄ ဇွဲမင်းထက်(ပြန်/ဆက်)

ပြည်ထောင်စုတည်ဆောက်ခြင်းနှင့် တရားသေအန္တရာယ်

၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့က နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်သမ္မတကြီးက “ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို ရအောင်တည်ဆောက်မှာဖြစ်ကြောင်း၊ ဖက်ဒရယ်လို့ဆိုရာမှာ နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကို သိရှိနားလည်ရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။ ဒီလို နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့တဲ့ အပေါ်မှာ အွန်လိုင်းမီဒီယာအချို့က ဝေဖန်ပြောဆိုခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ အွန်လိုင်းမီဒီယာတစ်ခုက “ဒေသအခြေခံဖက်ဒရယ်လို့ပြောဆိုချက်ဟာ တိုင်းရင်းသားတွေလိုလားတဲ့ လူမျိုးစုအခြေခံ ဖက်ဒရယ်မူနဲ့ ကွာဟနေတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အခက်အခဲတွေ ဆက်ရှိနေဦးမှာဖြစ်ကြောင်း” ပြောဆိုရေးသားဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။
Subscribe to