Skip to main content

မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုတာ ရုပ်ဝတ္ထုသက်သက်သာမက ပြည်သူစိတ်နှလုံး လုံခြုံမှုအထိအရေးပါ

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ မြန်မာပြည်သူတွေနဲ့ တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ်က ပြည်သူတွေ ထိစပ်မှုရှိစေဖို့ ရည်ရွယ်ချက်နဲ့ မီဒီယာ လေ့လာရေးခရီးစဉ်တစ်ခုမှာ လိုက်ပါခွင့်ရခဲ့ပါတယ်။ နာမည်ကျော် အေးမြတဲ့ ဒေသဟာဘင်းမြို့ကိုပါ။ လေ့လာရေး ခရီးစဉ်တစ်လျှောက် နာမည်ကျော်အထင်ကရနေရာတွေထက် စိတ်ထဲကို မှတ်မှတ်ထင်ထင်ဝင်ရောက်ခဲ့တဲ့ နေရာလေးတစ်ခုကို စာဖတ်သူတွေဆီ မျှဝေလိုပါတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုတာ လမ်းတံတား၊ အဆောက်အအုံတွေချည်း မဟုတ်ဘူးဆိုတာကို သက်သေပြရာနေရာ၊ နာမည်ကြီးနေရာမဟုတ်ဘဲ ရပ်ကွက်တစ်ခုသာဖြစ်ပါတယ်။ အိုင်ကျန်းရပ်ကွက်ဖြစ်ပါတယ်။ အဲဒီနေရာမှာ မြင်တွေ့ရတာတွေက အတော်လေးအံ့အားသင့်စေတယ်။

ကုလသမဂ္ဂ၏ စွက်ဖက်မှုနှင့် လစ်ဟာမှုများ

မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအခြေအနေအပေါ်မူတည်ပြီး “ဝင်ရောက်ဖျန်ဖြေခြင်း” ဟူသည့် အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂအနေဖြင့် အနောက်နိုင်ငံအုပ်စုများ၏ ကြိုးဆွဲရာအတိုင်း ကုလသမဂ္ဂယန္တရားအမျိုးမျိုးကို အသုံးပြုလျက် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့ပါသည်။ ယင်းကဲ့သို့သော ကုလသမဂ္ဂယန္တရားများထဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (UN Special Envoy) အခန်းကဏ္ဍလည်း အပါအဝင်ဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။
Subscribe to