Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရှမ်းပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတက်ရောက်ရန် ရောက်ရှိနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိများနှင့်တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရှမ်းပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတက်ရောက်ရန် ရောက်ရှိနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိများနှင့်တွေ့ဆုံ

မလှိုင်မြို့၌ ဝန်ထမ်းများ စုပေါင်းကာ ပတ်ဝန်းကျင်သာယာလှပရေးအတွက် သန့်ရှင်းရေး ဆောင်ရွက်

မလှိုင်မြို့၌ ဝန်ထမ်းများ စုပေါင်းကာ ပတ်ဝန်းကျင်သာယာလှပရေးအတွက် သန့်ရှင်းရေး ဆောင်ရွက် မလှိုင် ဇန်နဝါရီ ၁၃ မလှိုင်(ပြန်/ဆက်)

ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ် ပလောက် ဇန်နဝါရီ ၁၃ နှင်းမြူလွင်(ပလောက်)

PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

ဝိသာခါသူဌေးမကြီးသည် သူ၏သားသမီးများကလည်း ကျန်းမာရေးကောင်း၏။ အသက်ရှည်သည်။ ထို့ကြောင့် ၎င်းအား အလွန်မင်္ဂလာရှိသော အမျိုးသမီးကြီးသူဌေးကတော်ဟု လူတိုင်းက အသိအမှတ်ပြုကြလေသည်။ သာဝတ္ထိပြည်သူပြည်သားများကလည်း အလှူလှူဒါန်းတိုင်း ဝိသာခါသူဌေးမကြီးကို အမြဲဖိတ်ကြားသည်။ တစ်နေ့သ၌ ပွဲလမ်းသဘင်တစ်ခုတွင် ဖိတ်ကြားသည့်အရပ်၌ ဧည့်ခံကျွေးမွေးသည်ကို စားသောက်ပြီးနောက် မဟာလတာတန်ဆာကြီးကို ဆင်ယင်လျက်လူအပေါင်းနှင့် ကျောင်းတော်သို့ ဝိသာခါသူဌေးကတော်ကြီး သွားလေသည်။ သူသည် ကျောင်းတော်သို့ရောက်သောအခါ သူ၏မဟာလတာတန်ဆာကို အပေါ်ရုံဖြင့်ထုပ်လျက်သူ၏ကျွန်မအား ဤအထုပ်ကိုယူခဲ့ဟု ပေးထားလေသည်။ သူသည် သူ့ယောက္ခမပေးထားသော ပေါ့ပါးသည့် “ဃနမဋ္ဌ” တန်ဆာကိုဝတ်လျက် ဘုရားရှင်ထံသို့သွား၍ တရားနာလေသည်။ တရားနာပြီးသောအခါ သူသည် ဘုရားရှင်အားဦးချပြီး ထ၍ပြန်လာခဲ့သည်။

ဘက်စုံသာစွ ပြာသိုလ

နေမင်းသည် အရုဏ်တက်အချိန်တွင် တောင်ယဉ်စွန်းတန်း၌ ကျရောက်ထွန်းလင်းနေသည်။ နှင်းတို့မှာစိုရွှဲစွာကျနေပြီး ခွာညိုပန်းတို့ ဖူးပွင့်နေသည်မှာ သင်းပျံ့မွှေးကြိုင်နေသည်။ တစ်ပြည်လုံးတွင် မြင်းခင်းသဘင်ပွဲတော်ကို ဆင်နွှဲကြသည်။ ဖုသျှနက္ခတ်သည် လမင်းနှင့်စန်းယှဉ်နေသည်။ ပုစွန်တာရာသည် ကောင်းကင်ထက်တွင် လင်းနေသော်လည်း နှင်းမြူများကပိတ်ဖုံးနေသည်။ “အာဒိစ္စရယ်တဲ့ဖန်သူရိန်၊ ပြင်လမ်းသူခွာလို့၊ ဒက္ခိဏယဉ်အစွန်းမှာ၊ ထွန်းတဲ့ခါချိန်၊ ပြာသိုမှာဖြာစို နှင်းရယ်နဲ့၊ ခါအလိုခွာညိုသင်းပါဘိ၊ မြင်းခင်းမြတ်တော်သဘင်မှာ၊ ပျော်ရွှင်ကြပြည်လုံး၊ ပုဏ္ဏမာဖုသျှငယ်ယုန်စန္ဒာနဲ့၊ မှုန်ပြာပြာဝဠာတွင်းမှာလ၊ ငွေပုစွန်တာရာလင်းတယ် နှင်းမြူပိတ်ဖုံး”ဟုဆိုကာ မဟာဂီတဦးပြုံးချိုက ပြာသိုလအကြောင်းကို လေးဆစ်သဖြန်ဖြင့်ရေးဖွဲ့ခဲ့သည်။

ဆိုရှယ်မီဒီယာခေတ်တွင် အသုံးပြုသူတိုင်း သိသင့်သိထိုက်သည့် ကျင့်ဝတ်စည်းကမ်း

ဆိုရှယ်မီဒီယာခေတ်တွင် လူတိုင်းနီးပါးအွန်လိုင်းအသုံးပြုလာကြသည်။ နည်းပညာနှင့် ဆက်စပ်ပစ္စည်းများကိုအသုံးပြု၍ အွန်လိုင်းတွင် သတင်းအချက်အလက်များဖော်ပြခြင်း၊ ပေးပို့ခြင်း၊ ဖြန့်ချိခြင်းများ ပြုလုပ်လာကြသည်။
Subscribe to