Skip to main content

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးမှသည် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးနှင့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အလေးထားဖော်ဆောင်ရေးသို့

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံသားတိုင်း၏ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်နေစိတ်ထားတို့ တိုက်ရိုက်အချိုးကျလျက်ရှိသည်ဟု မှတ်သားဖူးပါသည်။ သို့ဖြစ်၍လည်း အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်ရေးမှသည် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးနှင့် လူငယ်လူရွယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဦးတည်ရည်မှန်းချက်များအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် ပါဝင်သော လူမှုရေးဦးတည်ချက် (၃) ရပ်၌ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်သည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့် ဦးတည်ရည်မှန်းချက်များကို ချမှတ်ပေးခဲ့ပါသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အဓိကဦးစားပေးဖော်ဆောင်လျက်ရှိသည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဖော်ဆောင်နိုင်မည်ဆိုပါက ကျန်လုပ်ငန်းစဉ် (၂) ရပ်မှာလည်း ကျွဲကူးရေပါဆိုသကဲ့သို့ အောင်မြင်မှု ရရှိလာနိုင်မည်ဖြစ်ပါသည်။

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ ငဖဲ ဒီဇင်ဘာ ၃ မယု(ငဖဲ)

၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင် ဖြစ်လာတော့မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်

၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆောင်ခရမ်ဟူသည့် ရေကစားပွဲတော်အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုလိုက်သဖြင့် ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ ဆောင်ခရမ်ပွဲတော်အား ဝှဲချီးကျင်းပကာ နာမည်ကျော်အနုပညာရှင်များဖြင့် promotion ဆင်းကာ ခရီးသွားလုပ်ငန်းတိုးတက်စေရေး လုပ်ဆောင်ခဲ့ကြပါသည်။ ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ထိုင်းတို့မှ ခိုးသွားသည်ဆိုသူဆို၊ အစိုးရ အလုပ်မလုပ်ဘူးဆိုသူဆို၊ ဒီတိုင်းကြည့်နေရမှာလားဆိုသူဆို စသဖြင့်ဝေဖန်သံများစွာ ထွက်ပေါ်လာခဲ့ပါ သည်။ ထိုင်းနိုင်ငံမှ ဆောင်ခရမ်အား ICH (Intangible Cultural Heritage) ဟူသည့် ဒြပ်မဲ့ယဉ်ကျေးမှု UNESCO သို့တင်ရာတွင် ထိုင်းနိုင်ငံသားတို့ နှစ်စဉ် နှစ်တိုင်းဆင်နွှဲသည့် ပွဲတော်တစ်ခုအနေဖြင့်သာတင်ခဲ့ပြီး မြန်မာ့ရိုးရာအတာသင်္ကြန်၏ မူရင်းပုံစံ ဖြင့် တင်ခွင့်မရရှိခဲ့သည်ကို သိရှိသူနည်းပါးလှသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်ကိုလည်း ICH စာရင်းဝင်ရန်အတွက် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust) ကဲ့သို့ NGO အဖွဲ့များ၊ Living Myanmar Media Group နှင့် Ko Hein’s Vlog ကဲ့သို့ မီဒီယာနှင့် ဆိုရှယ်မီဒီယာအဖွဲ့များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအား ချစ်မြတ်နိုးသည့် ပညာရှင်များနှင့် ပြည်သူများ ပူးပေါင်းကာ ၂၀၂၄ ခုနှစ်တွင် ကြိုးစားဆောင်ရွက် ခဲ့ကြောင်း ကြားသိရပါသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပ ဘားအံ ဒီဇင်ဘာ ၃ ဇွဲကပင်မေ

မြန်မာနိုင်ငံရေပိုင်နက်တွင်ဝင်ရောက်၍ ငါးဖမ်းခဲ့သည့် ထိုင်းငါးဖမ်းစက်လှေအား မြန်မာ့တပ်မတော် (ရေ) က ဖမ်းဆီးစစ်ဆေးခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

မြန်မာနိုင်ငံရေပိုင်နက်တွင်ဝင်ရောက်၍ ငါးဖမ်းခဲ့သည့် ထိုင်းငါးဖမ်းစက်လှေအား မြန်မာ့တပ်မတော် (ရေ) က ဖမ်းဆီးစစ်ဆေးခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲကြည့်ရှုအားပေးပြီး အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားအစီအစဉ်အလိုက် အကြိုပြင်ဆင် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲကြည့်ရှုအားပေးပြီး အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားအစီအစဉ်အလိုက် အကြိုပြင်ဆင် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

တနင်္သာရီမြို့နယ်၌ ဒီဇင်ဘာလ(ပထမ)ပတ် လူထုလမ်းလျှောက်ပွဲ စုပေါင်းပါဝင်ဆင်နွှဲ

တနင်္သာရီမြို့နယ်၌ ဒီဇင်ဘာလ(ပထမ)ပတ် လူထုလမ်းလျှောက်ပွဲ စုပေါင်းပါဝင်ဆင်နွှဲ တနင်္သာရီ ဒီဇင်ဘာ ၁ ထိန်ဝင်း

ပျော်ဘွယ်မြို့နယ်တွင် မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ပျော်ဘွယ် ဒီဇင်ဘာ ၁ မင်းမင်းထွေး

မသန်စွမ်းသူဝိုင်းလို့ကူ

မသန်သော်လည်း စွမ်းရမည်ဆိုသော ဆောင်ပုဒ်ကို တော်တော်များများ သိရှိကြသည်။ ကျန်းမာသန်စွမ်းမှုမရှိသော လူတစ်ဦးသည် လုပ်ဆောင်နိုင်မှု စွမ်းရည်ရှိရမည်ဟုဆိုလိုခြင်း ဖြစ်သည်။ မသန်စွမ်းသူများ၏ လုပ်ရည်ကိုင်ရည်များ တိုးတက်မြင့်မားလာစေရန် ၎င်းတို့၏ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးရပိုင်ခွင့်များ အပြည့်အဝရရှိရေး ဆောင်ရွက်ပေးရန်မှာ လူသားတိုင်း၏ တာဝန်ဖြစ်သည်။

လေထုညစ်ညမ်းမှု သတိပြု

လေထုဟုဆိုလျှင် … ကျွန်ုပ်တို့နှာခေါင်းဝရှေ့မှသည် ကောင်းကင်ယံထိရှိသော အငွေ့များ။ ထိုဓာတ်ငွေ့များတွင် အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်း၊ နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်းနှင့် အခြားဓာတ်ငွေ့ ၁ ရာခိုင်နှုန်းပါဝင်ကြသည်။ ဓာတ်ငွေ့များကို ကျွန်ုပ်တို့မမြင်နိုင်သော်လည်း လေတိုက်သည့်အခါ သစ်ရွက်သစ်ကိုင်းများ လှုပ်သည်ကိုမြင်ရ၏။ ယပ်ခတ်သည့်အခါ၊ ပန်ကာဖွင့်သည့်အခါ လေနှင့် ထိတွေ့သည်ကိုသိ၏။ ရနံ့သင်းသည့် အမွှေးအကြိုင်တို့ နှာခေါင်းဝရောက်ကာ အနံ့ရသည်မှာ လေထုက သယ်ဆောင်ပို့ဆောင်ပေးသည်ဟု သိပ္ပံပညာက ရှင်းပြ၏။ လေသည် ဓာတ်ငွေ့ငါးမျိုးပါဝင်သော အရောအနှောဖြစ်သည်။ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ အာဂွန်၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေခိုးရေငွေ့တို့ပါဝင်သည်။ ပထမလေးမျိုးတို့သည် ဓာတ်ငွေ့များအဖြစ် လေထုတွင်ရှိကြသည်။
Subscribe to