Skip to main content

ဒီမိုကရေစီမှ နန်းစဉ်နိုင်ငံရေးသို့ အင်ဒိုနီးရှားအစိုးရအသစ်နှင့် ရှေ့အလားအလာ

၂၀၁၄ မှ ၂၀၂၄ ခုနှစ်အထိ သမ္မတသက်တမ်း ၁၀ နှစ်ကာလအတွင်း သမ္မတဂျိုကိုဝီမှာ များစွာအတွေ့အကြုံရင့်ကျက်ပြီး လုံးဝပုံစံပြောင်းလဲသွားခဲ့သည်။ ဂျာဗားကျွန်းမှ ဂျာကာတာမြို့တော်သို့ ရောက်ရှိလာသည့် အစိမ်းသက်သက် တောသားနိုင်ငံရေးသမား မဟုတ်တော့ပေ။ ထိုက်သင့်သည့် အတွေ့အကြုံ၊ ဗဟုသုတ၊ အဆက်အသွယ်ကွန်ရက်နှင့် နိုင်ငံရေးအရင်းအနှီးတို့ စုဆောင်းမိခဲ့ပြီ ဖြစ်သည်။ လူ့အသိုက်အဝန်း ကျဉ်းကျဉ်းကလေး၌ လူကြီးလုပ်ရခြင်းမှာ (A big fish in a small pond) ရေအိုင်သေးသေးကလေးထဲ၌ ငါးရံ့ခေါင်းတိုက ဗိုလ်လုပ်ရသည်နှင့် တူ၏။ လူဦးရေသန်း ၂၈၀ ကျော်ရှိပြီး ကျွန်းပေါင်း ၁၇၀၀၀ ရှိသော နိုင်ငံကြီးကို အုပ်ချုပ်ရခြင်းမှာကား ပင်လယ်အတွင်း၌ ရှင်သန်နိုင်ရန် ကြိုးပမ်းရခြင်းမျိုးဖြစ်လေရာ ငါးရံ့ခေါင်းတို၏ ဗဟုသုတ၊ အမူအကျင့်၊ ခွန်အားမျှနှင့် မလုံလောက်တော့ပေ။ ရောမသို့ရောက်လျှင် ရောမသားတို့ကဲ့သို့ ကျင့်ရမည်ဟု ဆိုရိုးရှိသည်နှင့် အညီ ဂျိုကိုဝီသည်လည်း ဂျာကာတာနိုင်ငံရေးကို ဂျာကာတာသား အင်ဒိုနီးရှားရေပေါ်ဆီ အသိုက် အဝန်းတို့၏ ပုံစံအတိုင်းလိုက်နာကျင့်ကြံရပေ တော့သည်။ ဂျိုကိုဝီကို ပုံသွင်းစင်တင်ပေးခဲ့သည့် ဒီမိုကရေစီနှင့် လစ်ဘရယ်စံနှုန်းတန်ဖိုးစသည့် နိုင်ငံရေးကျမ်းစာလာ သဘောတရားတို့သည်၊ လက်တွေ့ဘဝနိုင်ငံရေး (Real politik) ကျားကွက် များအောက်၌ မှေးမှိန်သွားခဲ့လေပြီ။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် စာဆိုဗိမာန်အဆောက်အဦ သုံးထပ်(RC)ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် စာဆိုဗိမာန်အဆောက်အဦ သုံးထပ်(RC)ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်လေ့ကျင့်နေမှု ကြည့်ရှုအားပေး

Subscribe to