Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင်ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင်ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုက မကွေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် ငွေကျပ်သိန်း (၃၀)၊ လူထုသိပ္ပံကျမ်းစာအုပ်နှင့် သုတ၊ ရသ စာအုပ်၊ စာစောင်မျိုးစုံလှူဒါန်း၊ မင်းဘူးမြို့၊ သာသနာ့ဗိမာန်တော်သို့သွားရောက်ပြီး ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညို၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ မင်းဘူးမြို့ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၊ ပြည်သူ့ဆေးရုံကြီး (မကွေး) သို့ သွားရောက်ကြည့်ရှု

ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး၊ စူပါဆိုင်ကလုန်း)

ထိုသို့ ယမ်းအိုးက အဆင်သင့်ဖြစ်လာချိန်၌ မီးပွားတစ်စကလည်း တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာသည်။ ယင်းမှာ အလုပ်အကိုင်ခွဲတမ်း ကိစ္စဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲ၌ ကိုယ်ကျိုးစွန့်ပါဝင်ခဲ့ကြသူများ၏ မိသားစုများအတွက် အစိုးရဝန်ထမ်း အလုပ်အကိုင်၏ ၃၀ ရာခိုင်နှုန်းအား ခွဲတမ်း သတ်မှတ်ပေးခဲ့သည်။ နောင်အခါ ဤကိစ္စနှင့် ပတ်သက်၍ ဆန့်ကျင်ဆူပူမှုများ ရှိခဲ့သောကြောင့် ၂၀၁၈ ခုနှစ်တွင် ဤစနစ်ကို ဖျက်သိမ်းခဲ့သည်။ သို့သော် သက်ဆိုင်ရာမိသားစုများက တရားရုံးအဆင့်ဆင့်တွင် အယူခံဝင်ခဲ့ကြရာ ၂၀၂၄ ခုနှစ် ဇွန်လတွင် ဗဟိုတရားရုံးက ခွဲတမ်းစနစ် ပြန်လည်ကျင့်သုံးရန် အမိန့်ချခဲ့သည်။ ယင်းမှာ အဝါမီလိဂ်ကို ဆန့်ကျင်ထိုးနှက်လိုသူများအတွက် လက်နက်ကောင်းဖြစ်သွားခဲ့သည်။
Subscribe to