ဒီမိုကရေစီစံနှုန်းများ တဖြည်းဖြည်းလျော့ပါးလာသော အမေရိက
အမေရိကန်နိုင်ငံရေးလောကက အရင်လိုပျော်စရာ၊ အတုယူစရာ မကောင်းတော့ဘူးဗျ။ အရင်က ပျော်စရာ၊ အတုယူစရာကောင်းတယ်ဆိုတာက ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ တွေ၊ ပါတီညီလာခံတွေမှာ ထောက်ခံအားပေးသူတွေက "God Bless America" လို့ ဆုတောင်းကြ၊ သီချင်းတွေ သံပြိုင်သီဆိုကြ၊ ကကြ၊ ခုန်ကြ။ သမ္မတလောင်းတွေ၊ ကိုယ်စားလှယ်လောင်းတွေကလည်း ပြိုင်ဘက်သမ္မတ၊ ပြိုင်ဘက်ကိုယ်စားလှယ်တွေရဲ့ လက်ရှိပေါ်လစီတွေကို ဝေဖန်ကြ၊ ငယ်ကျိုးငယ်နာတွေကိုဖော်ပြီး သရော်ကြ၊ လှောင်ပြောင်ကြနဲ့ ဘေးကကြည့်တဲ့သူတောင် ပျော်စရာကောင်းနေရော။
