ပညာသည်သာ အမြတ်ဆုံးရတနာ လေ့လာမှတ်သားသင်ယူပါ
မေလရဲ့နွေရက်အလွန် မုတ်သုံမိုးဦးနဲ့အတူ ဇွန်လ ၃ ရက်နေ့ကစပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ပါပြီ။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းတစ်ပတ်ကာလအတွင်း အခြေခံပညာကျောင်းသား ကျောင်းသူ ၆၃ သိန်းကျော်ကျော် ကျောင်းအပ်နှံ ခဲ့ကြတယ်လို့ သက်ဆိုင်ရာရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
