“သွေးလှူခြင်း”သည် အသက်ကယ်ခြင်းတစ်မျိုးဖြစ်သောကြောင့် သွေးအလှူရှင်များကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဇွန် ၁၄ ရက်ကို “World Blood Donor Day ကမ္ဘာ့သွေးလှူရှင်များနေ့” ဟု သတ်မှတ်ခဲ့ကြပါသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန် ၁၄ ရက် ကမ္ဘာ့သွေးလှူရှင်များနေ့ လှုပ်ရှားမှုအတွက် ဆောင်ပုဒ်မှာ “အချိန်မှန်သွေးနှင့် သွေးရည်ကြည်ပေး၍ လူ့အသက်ကိုမျှဝေပါ” “Give blood, give plasma, share life, share often” ဖြစ်ပါသည်။