လူမှုရေး

ထိန်းသိမ်းလို့ထား မြန်မာ့ဝါး

 

ကိုကျော်စွာ(ကျိုက်ပိ)

ဝါးသည် မြန်မာလူမျိုးတို့အတွက် အသုံးပြုမှုအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများဆုံးဟု သိရသည်။ ဝါးကို မြန်မာ့လူနေမှုစနစ်တွင် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုလျက်ရှိပါသည်။ လူနေအိမ်များဆောက်လုပ်ရာတွင် ဝါးကို အသုံးပြုကြသည်။ အခြားသော လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင်လည်း သုံးလေ့ရှိပါသည်။ အချို့သော မြန်မာ့လက်မှုပစ္စည်းများသည်လည်း ဝါးကိုအခြေခံ၍ ပြုလုပ်ကြပါသည်။ ဥပမာ-မြန်မာ့ယွန်းထည်ပစ္စည်းများပင် ဖြစ်သည်။

နောက်ကို ပြန်ကြည့် ရှေ့သို့မျှော်ကြည့်

ထွန်းထွန်း(ခရေရိပ်)

==============

 

နည်းပညာနှင့်တီထွင်ဆန်းသစ်မှုများနောက်ကို အမီလိုက်ရင်း ဗုဒ္ဓဝင်၊ ဇာတ်နိပါတ်တော်၊   ရာဇဝင်များက စာရေးသူရဲ့ စိတ်အစဉ်တွင် တဖြည်းဖြည်းမှေးမှိန်လာသည့်အတွက် ဗုဒ္ဓမြတ်စွာ၏ ပါရမီတော် များကို ပြန်လည်ကြားသိလာပြီး ပိုမိုကြည်ညိုသဒ္ဓါပွားနိုင်စေရန် Channel me ရုပ်သံလိုင်းက ည ၇ နာရီတွင် ထုတ်လွှင့်ပြသနေသည့် ဗုဒ္ဓဇာတ်လမ်းတွဲကို ညစဉ်မလွတ်တမ်း စောင့်မျှော်ကြည့်ရှုမိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ပွင့်တော်မူခဲ့သော ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓဖြစ်တော်စဉ် ဇာတ်လမ်းတွဲလေးဖြစ်သည်။ 

လိုတရ

လောက၌  မနုဿလူ၏အစွမ်းဖြင့်  ရနိုင်ခွင့်ရှိသော အရာဟူသမျှကို ယုံကြည်သော အထင်အမြင်စိတ် ဖြင့်  မည်သူမဆို  ရနိုင်လေသည်။  မဖြစ်နိုင်သော အရာကို မတောင့်တအပ်ပေ။ 

Subscribe to လူမှုရေး