Skip to main content

Jun 19, 2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ယမန်နေ့က ပြင်ဦးလွင်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ ချယ်ရီမြေဘိုးဘွားရိပ်သာ၌ ဘိုးဘွားရိပ်သာအုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ အားကစားကွင်း၊ အားကစားရုံများနှင့် Football for School အစီအစဉ်ဖြင့် သင်တန်းသား သင်တန်းသူများ လေ့ကျင့်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ စာဆိုဗိမာန်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

အမျိုးသမီးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင်သည် Nay Pyi Taw State Academy ၌ ကျင်းပသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်ဖွင့်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၁၀) ရပ်ကွက် အောင်မင်းခေါင် (၁) လမ်းရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်းလိမ်လည်မှုပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံသား အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံမြို့သစ်ဆိုက်ဘာစီးတီးဧရိယာရှိ မြေကွက်လပ်၌ ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ရတနာပုံဆိုက်ဘာစီးတီးရှိ စက်ရုံများမှဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ်နှင့် မိတ္ထီလာမြို့နယ်များရှိ ဝါ၊ ဆီထွက်သီးနှံနှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ VDNH Exhibition Centre ၌ ၂၀၂၆ ခုနှစ် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပသည့် ၂၀၂၆ ခုနှစ် (၆) ကြိမ်မြောက် နိုင်ငံတကာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးလုပ်ငန်းများတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကျောင်းသုံး/ရုံးသုံး ပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခြားကူညီထောက်ပံ့ရေးပစ္စည်းများကို ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ထပ်မံပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 19, 2026

မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုပမာဏတို့မှာ ကြီးကြီးမားမားကွာဟမှု ရှိနေဆဲဖြစ်သည်။ ပြည်တွင်းရှိ ဓာတ်အားထုတ်လုပ်နိုင်သည့် အရင်းအမြစ်အမျိုးမျိုးတို့မှ လျှပ်စစ်ဓာတ်အားကို နှစ်အလိုက် တိုးတက်ထုတ်လုပ်ပေးပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်းရာနှုန်းပြည့် လျှပ်စစ်မီးပေးနိုင်ရန် ရည်မှန်းချက်ရှိသည့်တိုင် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများစသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးသည့် စနစ်ကြီး၏ အစိတ်အပိုင်းများစွာတို့မှာ အကြမ်းဖက်ဖျက်ဆီးမှုအမျိုးမျိုးတို့ကြောင့် ပျက်စီးခဲ့ရခြင်းနှင့် ပြည်တွင်းဒေသအများအပြားတည်ငြိမ်အေးချမ်းမှု မရှိသေးခြင်းတို့ကြောင့် ရည်မှန်းထားသည့် ကာလအတွင်း ပြီးမြောက်အောင်မြင်နိုင်ရန် ခဲယဉ်းမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဇုန်ဧရိယာ (Shanghai Lingang Special Area) သို့ သွားရောက်လေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2026

၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အကောင်းမွန်ဆုံးတိုးတက်မြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် “Myanmar-China Investment and Trade Networking Summit” (MCITP - 2026) Shanghai ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့၊ လင်းကန်အထူးဧရိယာရှိ Radisson Collection Lingang Shanghai ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပိုမိုမြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit)ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူး မစ္စတာဝမ်ဟောက်က ခေတ္တတည်းခိုလျက်ရှိသည့် ဟန်ကျိုးမြို့၊ Huajia Shanzhuang ဟိုတယ် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2026

မြန်မာ-ကမ္ဘောဒီးယား-ထိုင်း သုံးနိုင်ငံ လေကြောင်းလိုင်းများ တိုက်ရိုက်ပြေးဆွဲပါက မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု တိုးတက်လာနိုင်ကြောင်း မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ် ဆွေးနွေးမှုများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 18, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များ ဇာတ်တိုက်လေ့ကျင့်‌‌နေမှုကို ကြည့်ရှုစစ်‌ဆေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2026

မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ် - ၂၀၂၆ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ကျင်းပရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT Hak၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်