Skip to main content

Jan 22, 2026

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ Army Operation Center Neighboring Countries Coordination Center (NCCC) ဌာန၏ အကြီးအကဲ General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီး ပြည်သူလူထုနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြစ်ကြီးနားမြို့ Shwe Hee Hotel နှင့် Jade Garden Hotel သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲ(အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ရရှိသည့် ဆန္ဒမဲစာရင်း

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့မှ ဇန်နဝါရီလ (၂၉)ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး International Court of Justice - (ICJ)သို့ သွားရောက်၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နေခြင်းသည် နိုင်ငံတစ်နိုင်ငံအနေဖြင့် တာဝန်ယူမှုရှိသော လုပ်ရပ် တစ်ခုဖြစ်ပြီး နိုင်ငံတကာဥပ​ဒေစည်းမျဉ်းများကို လေးစားလိုက်နာလိုသည့်ဆန္ဒကိုလည်း ဖော်ပြနေ ခြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)အလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

NDNF ထာဝရငြိမ်းချမ်းရေးကွန်ယက်/အထက်မြန်မာပြည် သာသနာပြုအဖွဲ့ချုပ် ငြိမ်းချမ်းရေးကရုဏာနှလုံးသား ပရဟိတဖောင်ဒေးရှင်း (ICJ) အရေးသဘောထားထုတ်ပြန်ချက် (၁/၂၀၂၆)

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတို့ကို ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

ရေနံချက်စက်ရုံ (သန်လျင်)၌ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ဌာနများမှ တာဝန်ရှိသူများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

​​​​​​​တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ဖွဲ့စည်းတည်ဆောက်ထားသော တစ်ခုတည်းသော ခိုင်မာသည့် အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးဖြစ်သော်လည်း တပ်မတော်သားများသည် တိုင်းရင်းသားပြည်သူများမှ ပေါက်ဖွားလာကြသူများဖြစ်၍ နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့ကို တာဝန်ကျေပွန်စွာ သယ်ပိုးထမ်းဆောင်လျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး ခေတ်အဆက်ဆက် တာဝန်ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2026

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားရင်ဆိုင်လျက်ရှိသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာပြည်သူများက ရပ်တည်ထောက်ခံလျက်ရှိကြောင်း ပြသနေကြသည်။ မြန်မာနိုင်ငံနှင့် လွန်စွာအလှမ်းဝေးကွာလှသည့် အာဖရိကတိုက်အနောက်ပိုင်းရှိ ဂမ်ဘီယာနိုင်ငံက OIC အဖွဲ့၏ကိုယ်စား မြန်မာနိုင်ငံကို စွဲဆိုသည့် ထိုအမှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် အမျိုးသားအကျိုးစီးပွားတို့ကို ထိခိုက်စေသည်ဟု မြန်မာပြည်သူတစ်ရပ်လုံးက နားလည်ထားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2026

​​​​​​​ဂမ်ဘီယာက မြန်မာနိုင်ငံအနေဖြင့် Genocide Convention Article I တွင် ဖော်ပြထားသော လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်မှုမရှိစေရေးနှင့် ကျူးလွန်သူများအား အပြစ်ပေးရန်နှင့် Genocide Convention Article V နှင့်အညီ ဥပဒေပြဋ္ဌာန်းရန် ပျက်ကွက်သည်ဟု စွပ်စွဲထားပါကြောင်း၊ ၂၃-၁-၂၀၂၀ ရက်နေ့တွင် ICJ တရားရုံးကချမှတ်သော ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်ကို ချိုးဖောက်ခြင်းအတွက်လည်း တာဝန်ရှိသည်ဟု စွပ်စွဲထားပါကြောင်း၊ လူမျိုးသုဉ်း သတ်ဖြတ်ခြင်းကို ကျူးလွန်ခြင်းအတွက် တာဝန်ရှိမှုနှင့် Genocide Convention တွင်ဖော်ပြထားသော ပြစ်မှုမြောက်စေသည့် အခြားဆက်စပ်မှုများကို ရှင်းပြလိုကြောင်း။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2026

​​​​​​​ဂမ်ဘီယာအနေဖြင့် သက်သေပြရန်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေသည့် ကျူးလွန်မှု (actus reus)ရှိကြောင်းနှင့် စပ်လျဉ်း၍ သက်သေပြနိုင်ခြင်းမရှိကြောင်း၊ ထို့ပြင် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်ရန်အတွက် အကာအကွယ်ပေးရမည့်အုပ်စုကို ရုပ်ပိုင်းဆိုင်ရာသို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးလိုသည့် သီးခြားရည်ရွယ်ချက်(dolus specialis)ဖြင့် ကျူးလွန်ခဲ့ခြင်းရှိကြောင်း သက်သေပြရမည် ဖြစ်သော်လည်း သက်သေပြနိုင်ခြင်းမရှိကြောင်း။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2026

​​​​​​​ဂမ်ဘီယာနိုင်ငံသည် ၎င်း၏ Memorial အခန်း (၁၁) နှင့် Reply အခန်း(၈)တို့တွင် ဖော်ပြခဲ့သော စွပ်စွဲချက်များကို လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်(genocidal intent)နှင့် သဘောတူစာချုပ်ကို ဖောက်ဖျက်မှုအတွက် သီးခြားတာဝန်ယူရမည့် အခြေခံအကြောင်းရင်းများအဖြစ် စွပ်စွဲထားပါကြောင်း၊ ထိရောက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပျက်ကွက်ခြင်းနှင့် သက်သေအထောက်အထားများကို ဖုံးကွယ်ခြင်းတို့သည် အမှန်တကယ် ဖြစ်ပွားခဲ့သည်ဟု ယူဆလျှင်ပင် လက်တွေ့တွင် ထိုသို့မဟုတ်ပါကြောင်း။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2026

ဂမ်ဘီယာက မြန်မာတပ်မတော်သားများ၏ ပြောဆိုချက်များသည် လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိကြောင်းပြသသည့် သင်္ကေတဖြစ်ကြောင်းကို တပ်မတော်သားများက အွန်လိုင်းတွင် တင်သည့်ပို့စ် ၇ ခုကို ဖော်ညွှန်း၍ စွပ်စွဲထားကြောင်း၊ ယင်းပို့စ် ၇ ခုကို အမုန်းစကားဟု သတ်မှတ်၍မရကြောင်း၊ ယင်းပို့စ် ၇ ခုအနက် Reuters သတင်းဌာနမှ ကိုးကားအသုံးပြုထားသည့် စွပ်စွဲချက်များတွင် “စစ်သား” ဟူသည့် အသုံးအနှုန်းပင် ပါဝင်ခြင်းမရှိကြောင်း၊ အခြားပို့စ်တစ်ခုကို သတင်းဌာနတွင် ဖော်ပြထားခြင်းပင်မရှိကြောင်း၊ အခြားပို့စ်တစ်ခုမှာ ဘင်္ဂါလီများ ရဲစခန်းကို တိုက်ခိုက်သည့်ဖြစ်စဉ်ကို ဖော်ပြသည့် သတင်းဆောင်းပါးဖြစ်ကြောင်း၊ သို့ဖြစ်ရာ တပ်မတော်သားများနှင့် သက်ဆိုင်သည်ဟု ဆို၍မရကြောင်း။

ဆက်လက်ဖတ်ရှုရန်