Jun 21, 2026
သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်
Jun 21, 2026
သံအမတ်ကြီး ဦးမောင်မောင်စိုးအား ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်
Jun 21, 2026
အမျိုးသမီးရေးရာဝန်ကြီးဌာနမှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။
Jun 21, 2026
မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်ကို ဇွန် ၁၄ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အမျိုးသားခရီးသွား အာဏာပိုင် အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့သည်များ ကို စုစည်းဖော်ပြအပ်ပါသည် -
Jun 21, 2026
အဋ္ဌမအကြိမ် အဘိဝိနယာစရိယ ဝိနည်းတော်စာပြန်ပွဲစာအောင် သံဃာတော်အရှင်သူမြတ်များအား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် တောရကျောင်း သီလဝီသောဓနီသိမ်တော်၌ ကျင်းပရာ ဝိနယပါလအသင်း၏ ပဓာနဦးဆောင်ဆရာတော်ကြီး ဘဒ္ဒန္တကဝိန္ဒအမှူးပြုသော ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးလင်းအောင်၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
Jun 21, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ(NCC) အစည်းအဝေးခန်းမ၌ ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မူလတန်းသင်ရိုးညွှန်းတမ်းများကို ပြဋ္ဌာန်းသင်ကြားလာသည်မှာ ၁၀ နှစ်ရှိပြီဖြစ်သဖြင့် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းအသစ်များအဖြစ် ပြန်လည်ပြုစုနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
Jun 21, 2026
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGEYENKO နှင့် ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့၏ ဖိတ်ကြားချက် အရ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့ တက်ရောက်ရန် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၉ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၅ မိနစ်တွင် ရောက်ရှိကြသည်။
Jun 21, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) အဖြစ် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိသွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ကြသည်။
Jun 21, 2026
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးအရ အရေးပါသည့် ခါမ်းပါတ်မြို့ကို ဇွန် ၂၀ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ် သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ခါမ်းပါတ်မြို့သည် ကလေး-တမူး လမ်းကြောင်းပေါ်တွင်တည်ရှိပြီး PDF အမည်ခံ အကြမ်းဖက်သမားများက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ယာယီစိုးမိုး၍ ဒေသခံတိုင်းရင်းသားပြည်သူများအား လူသားတံတိုင်း ပြုလုပ်ကာမြို့ကို စစ်စခန်းသဖွယ် အသွင်ပြောင်း၍ အခိုင်အမာ ခံစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
Jun 20, 2026
တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူလူထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါလမ်းကြောင်းပေါ်ရှိ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးအရ အရေးပါသည့် ခါမ်းပါတ်မြို့အား ယနေ့တွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
Jun 20, 2026
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် မြိုင်မြို့နယ်သို့ ဆက်သွယ်ထားသည့် ကမ္မ-မြိုင်သွားကားလမ်းတစ်လျှောက်တွင် အများပြည်သူဖြတ်သန်းသွားလာရေးခက်ခဲစေရန် ရည်ရွယ်၍ ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပေပါခွံများဖြင့် ကားမိုင်းအဖြစ်ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဆိုပါကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Jun 20, 2026
နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ အပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးအား လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးအန္တရာယ်မှ တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့်သုံးစွဲမှု တားဆီးကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
Jun 20, 2026
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ခုနစ်ထပ်လူနေ အဆောက်အအုံတစ်လုံးကိုထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
Jun 20, 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲနိုင်ရန်အတွက် နိုင်ငံအတွင်း ပိုက်လိုင်းကွန်ရက်များတည်ဆောက်၍ ပေးပို့ဖြန့်ဖြူးလျက်ရှိသည်။ တည်ဆောက်ခဲ့ သည့် ပိုက်လိုင်းများ၏ အမျိုးအစားကြောင့်လည်းကောင်း၊ သက်တမ်းကာလကြာမြင့်မှု ကြောင့်လည်းကောင်း၊ မတော်တဆထိခိုက်မှုများကြောင့်လည်းကောင်း ပေါက်ကွဲခြင်း၊ ကျိုးပြတ်ခြင်း၊ သံချေးစားယိုစိမ့်ခြင်းများဖြစ်ပေါ်တတ်ရာ ပိုက်လိုင်းများပြင်ဆင်ခြင်း၊ အစားထိုးခြင်းများကို ပြုပြင်ထိန်းသိမ်းရေး အစီအမံများချ၍ နှစ်စဉ်ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။
Jun 20, 2026
ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ၃၃ ကေဗွီဖွံ့ဖြိုးရေး (၂) ဓာတ်အားလိုင်းကို ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ဇွန် ၂၀ ရက်တွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိလည်းကောင်း၊ ၃၃ ကေဗွီ စက်မှုဇုန်ဓာတ်အားခွဲရုံရှိ လျှပ်စစ်ပစ္စည်းများအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဇွန် ၂၁ ရက်တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ဟိုတယ်ဇုန်၊ ဒက္ခိဏသီရိစက်မှုဇုန်နှင့် ရုံးဌာနအဖွဲ့အစည်းများ၊ ပျဉ်းမနားမြို့နယ်ရှိ တောင်သာရပ်ကွက်၌ ပတ်ဝန်းကျင်ကျေးရွာများ ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
Jun 20, 2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ကျိုင်းလပ်မြို့ မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်လန်းကျေးရွာအနီးတွင် ယနေ့မွန်းလွဲပိုင်းက တရားမဝင် တရုတ်နိုင်ငံသားအမျိုးသား ၁၇ ဦးနှင့် လာအိုနိုင်ငံသားနှစ်ဦးတို့အား တရားမဝင်ရွှေတူးဖော်ခြင်းတွင် အသုံးပြုသည့်ယာဉ်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
Jun 20, 2026
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှုတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာရှိ ဒုံသမိတံတားဂိတ်၌ စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
Jun 20, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့သည်။
Jun 20, 2026
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jun 20, 2026
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အသင်းခေါင်းဆောင်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
