Skip to main content

Aug 28, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ အနော်ရထာလမ်း မင်းကံကြီးရပ်ကွက်ရှိ အဆိုပါအဆောက်အအုံတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန် - ပြည် - မကွေး - မန္တလေး လမ်း (မကွေး - အောင်လံ)လမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

ပြည်တွင်း၌ ဆန်လက်ကျန်နည်းပါးနေ ကြောင်း လူမှုကွန်ရက်စာမျက်နှာများနှင့် မီဒီယာ အချို့တွင် မဟုတ်မမှန် ထုတ်ပြန်မှုများကြောင့် ဆန်ဈေးနှုန်းများ တည်ငြိမ်မှုမရှိသဖြင့် ပြည်သူများသို့ ပြည်တွင်းဆန်လက်ကျန် အခြေအနေမှန်ကို သိရှိစေရန်အတွက် မီဒီယာများက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

အိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများမှ ကျောင်းအခြေပြုသင်တန်း (၄/၂၀၂၂) ဖွင့်လှစ်ရန် သင်တန်းသားခေါ်ယူခြင်း

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၃ ရက်တွင် ကုန်တင်ယာဉ်ခြောက်စီးပေါ်မှ အကောက်ခွန်မဲ့ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ဖိနပ်များ၊ အဝတ်လျှော်ဆပ်ပြာဆီအထုပ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော် ကားအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၅၁၈၅၂)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင် လာသော နောက်တွဲယာဉ်လေးတွဲနှင့် ကုန်တင်ယာဉ်ခြောက်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၁၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၈၀၅၁၈၅၂ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင်လူမျိုးမရွေး ဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” (Season-2) ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များလေ့လာနိုင်ရန် ပါဝင်ယှဉ်ပြိုင်ရမည့် အဆင့်များ၊ ဘာသာရပ်များ၊ အဆိုနှင့် အတီး တေးသီချင်းအမည်များ ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

ဘဝကို ကြည်လင်လာအောင် ပညာဖြင့် တိုက်ချွတ်ဆေးကြောပေးရသည်။ ဘဝကို တောက်ပြောင် လာအောင် ပညာဖြင့် ထွန်းလင်းပေးရသည်။ ဘဝကို မြင့်မားလာအောင် ပညာဖြင့် မြှင့်တင်ပေးရသည်။ အသိဉာဏ်ပညာ ဗဟုသုတ ကြွယ်ဝခြင်းသည် အရာရာကိုဖန်တီးနိုင်စွမ်းရှိသည့် စွမ်းအားသတ္တိများရှိသည်။ အသိဉာဏ်ပညာကို ကျောင်းပညာ၌သာမက အခြားသိမှတ်ဖွယ်ရာ ဗဟုသုတများကို လေ့လာမှတ်သားခြင်းဖြင့် ရရှိနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံသားတိုင်း မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်။ သို့ရာတွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ရန်လိုသည်။ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးဖြစ်သည့် လွတ်လပ်ခွင့်ကို ကျင့်သုံးရာတွင် နိုင်ငံတော်လုံခြုံရေးကို မကျိုးပေါက်စေရန်၊ တရားဥပဒေစိုးမိုးရေး မပျက်ပြားစေရန်၊ ရပ်ရွာအေးချမ်းသာယာရေးကို မထိခိုက်စေရန်၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားကို မထိပါးစေရန်အတွက် ဥပဒေနှင့်အညီသာ ဖြစ်ရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၆ ရက် ဒေသစံတော်ချိန်နေ့လယ် ၁၂ နာရီ ၅၅ မိနစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံး၊ စစ်သံရုံး မိသားစုဝင်များနှင့် သင်တန်းသားများအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၆ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တအစ္ဆရိယ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကြကာ ဆရာတော်များထံမှ ဆုံးမဩဝါဒများ နာယူကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

ပြည်သူလူထုထံအသိပေးချက်

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မန်းရေနံမြေရှိ ရေနံမြေဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စွမ်းအင်ကဏ္ဍဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul ၏ ဖိတ်ကြားချက်အရ ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bangrak Medical Center Building ၌ ကျင်းပသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ မဂ္ဂါဝပ် ၂၀ ရေပေါင်းဆုံ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံ စီမံကိန်း၊ ကျောက်ဆည်မြို့နယ်ရှိ မဂ္ဂါဝပ် ၃၀ ဘဲလင်းနေရောင် ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စက်ရုံစီမံကိန်းနှင့် ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်