Jun 11, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းစ်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေး ဌာနဂုဏ်ထူးဆောင်ပါမောက္ခ ကာဒီဂျက်ဆန်ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Jun 11, 2022
မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးဆောင်ရွက်သည့် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ အသင်းဥက္ကဋ္ဌနှင့် ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ပခုက္ကူစာပေဆုရန်ပုံငွေ ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသိန်းခိုင်ဦး(ပခုက္ကူမြို့ကိုယ်စားလှယ်)နှင့် ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊ အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့်အဖွဲ့ဝင်များ၊ စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jun 11, 2022
မြန်မာ့ရိုးရာ ခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၂ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။
Jun 11, 2022
ပိဋကသုံးပုံပါဠိတော်ကို ပါဠိ - ရိုမန် စိစစ်တည်းဖြတ်မှုအောင်မြင်ပြီးဆုံးခြင်း အထိမ်းအမှတ်နှင့် တက္ကသိုလ်လေးခုရှိ ဆရာတော်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် (စစ်ကိုင်း) သီတဂူ သံဝေဇနိယဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
Jun 11, 2022
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးကောင်းမွန်ရေးသည် အဓိကကျသည့်အချက်ဖြစ်သည်။ တိုင်းပြည်တွင် မည်သည့်အခြေအနေရှိနေသည်ဖြစ်စေ စီးပွားရေးလည်ပတ်ကောင်းမွန်မှသာ ပြည်သူများဘဝ ရပ်တည်ရှင်သန်နိုင်မည်ဖြစ်သည်။ သမိုင်းတွင် အစိုးရနှင့် ပြည်သူ ပြည်သားများသည် စစ်အတွင်းကာလ၌ပင် စီးပွားရေးအတွက် မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ကြရသည်။ စီးပွားရေးသည် အရာရာကိုဖန်တီးဖြေရှင်းနိုင်သဖြင့် စီးပွားရေးကို ကြိုးပမ်းလုပ်ကိုင်ကြရမည်ဖြစ်သည်။
Jun 11, 2022
နိုင်ငံတစ်ဝန်းလုံး၌ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း အခြေခံပညာ ကျောင်းသား ကျောင်းသူ ၅၆ သိန်းကျော်တို့ ကျောင်းအပ်နှံခဲ့ကြပြီးနောက် ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ပညာသင်ကြားနေကြပြီဖြစ်သည်။ သို့ရာတွင် မိဘများက မိမိတို့၏သားသမီးများကို ကျောင်းအပ်နှံလိုကြပြီး ကျောင်းသူကျောင်းသားများကလည်း ကျောင်းတက်လိုပါလျက်၊ ဆရာ ဆရာမများကလည်း သင်ကြားပေးလိုပါလျက်နှင့် ကျောင်းမဖွင့်နိုင်သေးသည့် ဒေသများရှိနေကြသည်။ ထို့အပြင် ကျောင်းများကို ဗုံးခွဲ၊ မိုင်းခွဲ၊ မီးရှို့ တိုက်ခိုက်မှုများ၊ ဒရုန်းယာဉ်ဖြင့် ဗုံးချတိုက်ခိုက်မှု၊ ကျောင်းသုံး စာအုပ်များကို ဖျက်ဆီးမှု၊ လုယက်မှု၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများကို အကြမ်းဖက်သတ်ဖြတ်မှု၊ ခြိမ်းခြောက်နှောင့်ယှက်မှု၊ ကျောင်းသူကျောင်းသားနှင့် မိဘများကို ခြိမ်းခြောက်မှုစသည်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များက ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။ ကျောင်းများ မဖွင့်နိုင်ခြင်း၊ ကျောင်းသူကျောင်းသား ကလေးငယ်များ ပညာသင်ကြားခွင့်ဆုံးရှုံးရခြင်းတို့က လက်ရှိအစိုးရကို ဘာမှမထိခိုက်နိုင်သော်လည်း ကလေးငယ်များ၏ အနာဂတ်နှင့် နိုင်ငံ၏အနာဂတ်ကို များစွာထိခိုက်နစ်နာစေနိုင်သည်။
Jun 10, 2022
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀ နှင့် ၇၉ ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၅၊ ၁၂၉ နှင့် ၁၃၀၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်း၊ မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်၊ အီလက်ထရောနစ်ကတ်ဖြင့် ပေးချေမှုဆိုင်ရာညွှန်ကြားချက်တို့နှင့်အညီ လုံခြုမှုနှင့်ထိရောက်သော ငွေပေးချေမှုများအားဆောင်ရွက်နိုင်ရန် မိုဘိုင်းဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ် (၁၈)ဘဏ်၊ အင်တာနက်ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်(၁၀)ဘဏ်၊ မိုဘိုင်းငွေပေးချေမှု (Mobile Pay) ဆောင်ရွက်ရန် ဘဏ်(၈)ဘဏ်၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် အဖွဲ့အစည်း (၅) ခု ၊ Transportation Card နှင့် Shopping Card စသည့် ကတ်ပေးချေမှုလုပ်ငန်းများဆောင်ရွက်ရန် အဖွဲ့အစည်း (၇) ခုနှင့် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ(၄)ခုကို ခွင့်ပြုထားပြီး ကြီးကြပ်ထိန်းကျောင်းပေးလျက်ရှိပါသည်။
Jun 10, 2022
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ်အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Jun 10, 2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လူနာပို့ပြီးပြန်လာသည့် လူနာတင်ယာဉ်အား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Jun 10, 2022
ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံသား မျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ ၇-၆-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထပ်မံသတင်းထုတ်ပြန်ဖိတ်ခေါ်ခဲ့ရာ ဆရာ၊ ဆရာမ (၂၉၆၀)ဦး ဆက်သွယ်သတင်းပို့ခဲ့ပါသည်။
Jun 10, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 10, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများအား ဗိုလ်တထောင်မြို့နယ်ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
Jun 10, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jun 10, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊
Jun 10, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းသည် ယနေ့နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၌ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်သည်။
Jun 10, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
Jun 10, 2022
“AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးဆိုင်ရာမြန်မာလုပ်ငန်းအဖွဲ့ (Task Force)” အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့သည်
Jun 10, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 10, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည့် အကြမ်းဖက် NUG အဖွဲ့ဝင်နှစ်ဦးအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ “သေဒဏ်” အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
Jun 10, 2022
ပဋိပက္ခများအားလုံးမှာ သဘောထားကွဲလွဲမှုများမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သဘောထားကွဲလွဲမှုများကို စေ့စပ်ညှိနှိုင်းမှု မပြုလုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိသွားချိန်တွင် ပဋိပက္ခများစတင်ဖြစ်ပေါ်လာပြီး အချိန်ကာလကြာမြင့်လာသည့်တိုင် ရလဒ်မထွက်၊ အဖြေမပေါ်သည့်အခါ စေ့စပ်ညှိနှိုင်းသည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခြင်းဖြစ်ရာ ဉာဏ်အမြော်အမြင်နှင့် နှလုံးရည်ပြည့်ဝမှုတို့ လိုအပ်သည်။
